ဧရာဝတီတိုင်းမ်
မတ် ၂၁ ရက်
တောင်ကိုရီးယားနိုင်ငံအလယ်ပိုင်း ဒေဂျုံမြို့တော်ရှိ ကားစက်ရုံတစ်ခုမှာ မီးလောင်ကျွမ်းမှုတစ်ခု ဖြစ်ပွားပြီးနောက် စနေနေ့မနက်ပိုင်းမှာ အလောင်း (၁၀) လောင်း တွေ့ရှိခဲ့တယ်လို့ တောင်ကိုရီးယားမီဒီ ယာတွေက ဖော်ပြပါတယ်။
သောကြာနေ့နေ့လည်ပိုင်းက မီးလောင်ကျွမ်းမှု ဖြစ်ပွားချိန်မှာ ကားစက်ရုံအတွင်း အလုပ်သမား ၁၇၀ ခန့် ရှိခဲ့ပြီး မီးတောက်ကို ညပိုင်းမှာ ငြှိမ်းသတ်နိုင်ခဲ့တယ်လို့ မီးသတ်ဌာနမှ အာဏာပိုင်တွေက ပြော ပါတယ်။
မီးခိုးငွေ့ ရှူရှိက်မိခြင်း၊ အဆောက်အအုံမှ ခုန်ချခြင်းနဲ့ အခြားအကြောင်းတွေကြောင့် လူ ၅၉ ဉီး ဒဏ်ရာရရှိခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
မီးလောင်မှုအတွင်း လူ ၁၄ ဉီး ပျောက်ဆုံးခဲ့တယ်လို့ တောင်ကိုရီးယား အာဏာပိုင်တွေက ဆက် ပြောပါတယ်။
ပျောက်ဆုံးနေသူတွေထဲမှာ နိုင်ငံခြားသားတွေ မပါဝင်ဘူးလို့ တောင်ကိုရီးယားနိုင်ငံပိုင် ယွန်ဟပ် သတင်းဌာနက ဖော်ပြပါတယ်။
မီးသတ်သမားတွေဟာ အလောင်း (၁၀) လောင်းအနက် အများစုကို အဆောက်အအုံ တတိယ လွှာမှာ တွေ့ရှိခဲ့တာလို့ မီဒီယာတွေက ဆိုပါတယ်။
သေဆုံးသူတွေဟာ မည်သူမည်ဝါဆိုတာဖော်ထုတ်ဖို့ ရဲတပ်ဖွဲ့နဲ့ မီးသတ်ဌာနမှ တာဝန်ရှိသူတွေ က ကြိုးပမ်းနေကြပါတယ်။
ကိုးကား – NHK
Ref; South Korean media: 10 people found dead after fire at auto parts plant