ဧရာဝတီတိုင်းမ်
မတ် ၂၁ ရက်

 

အမေရိကန်စစ်တပ်ဟာ ထောင်ချီတဲ့ ကမ်းတက်တပ်ဖွဲ့ဝင်တွေနဲ့ ရေတပ်ဖွဲ့ဝင်တွေကို အရှေ့အ လယ်ပိုင်းဒေသသို့ စေလွှတ်နေတယ်လို့ သိရပါတယ်။

 

တပ်ဖွဲ့ဝင်တွေ စေလွှတ်မှုနဲ့အတူ ကုန်းရေနှစ်သွယ်သုံးသင်္ဘောတစ်စင်းဖြစ်တဲ့ USS Boxer နဲ့ ကမ်းတက်တပ်ဖွဲ့ဝင်တွေ ပါဝင်ပါတယ်။

 

အီရန်နိုင်ငံတွင်း တပ်ဖွဲ့တွေ စေလွှတ်ဖို့ မဆုံးဖြတ်ခဲ့ပေမယ့် အရှေ့အလယ်ပိုင်းဒေသမှာ အနာ ဂတ် စစ်ဆင်ရေးတွေအတွက် စစ်အင်အား တည်ဆောက်မယ်လို့ အမေရိကန် တာဝန်ရှိသူတွေက ပြောပါ တယ်။

တပ်ဖွဲ့တွေဟာ စီစဉ်ထားတာထက် သုံးပတ်ခန့်စောပြီး အမေရိကန် အနောက်ဘက်ကမ်းခြေမှ ထွက်ခွာနေပြီလို့ တာဝန်ရှိသူတစ်ဉီးက ပြောပါတယ်။

 

“အပစ်အခတ်ရပ်စဲရေးလုပ်ဖို့ ကျွန်တော် မလိုချင်ပါဘူး” လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သောကြာနေ့မှာ ပြောကြားခဲ့ပါတယ်။

 

အမေရိကန်နိုင်ငံက ဟော်မုဇ်ရေလက်ကြားကို မလိုအပ်ဘူးလို့ ၎င်းက ပြောပေမယ့် အဆိုပါရေ လက်ကြား ပြန်ဖွင့်ရေး ကူညီကြဖို့ ကမ္ဘာ့နိုင်ငံတွေကို တောင်းဆိုလိုက်ပါတယ်။

 

ဥရောပတိုက်၊ တောင်ကိုရီးယား၊ ဂျပန်နဲ့ တရုတ်နိုင်ငံတို့ဟာ ဟော်မုဇ်ရေလက်ကြားကို လိုအပ် တာကြောင့် ယခုပြဿနာမှာ ပါဝင်ရမယ်လို့ သူက ဆိုပါတယ်။

 

အီရန်အဓိပတိ မော့တာဘာခါမေနီဟာ လက်ရှိရာထူး ရယူပြီးနောက်ပိုင်း လူမြင်ကွင်းမှာ မတွေ့ရ တော့ပါဘူး။ ခါမေနီဟာ ပါရှားနှစ်သစ်ကူးစတင်တဲ့ ထုတ်ပြန်ချက်တစ်ရပ်ကို သောကြာနေ့က ထုတ်ပြန်ခဲ့ တယ်လို့ အီရန်မီဒီယာတွေက ဖော်ပြပါတယ်။

 

ရန်သူဟာ ခေါင်းဆောင်တွေကို သတ်ဖြတ်ပြီး ပြည်သူတွေကြား အကြောက်တရား ဖန်တီးနိုင်မယ် လို့ ယူဆခဲ့ရာမှ ဤပဋိပက္ခ စတင်ခဲ့ခြင်းဖြစ်ကြောင်း ခါမေနီက ထုတ်ပြန်ချက်မှာ ပြောပါတယ်။

 

ထိုသို့ပြုလုပ်ခြင်းဖြင့် အီရန်ကို အုပ်စိုးဖို့နဲ့ အစိတ်စိတ်အမြွှာမြွှာ ခွဲပစ်ဖို့ ရန်သူက ရည်ရွယ်ခဲ့ပြီး တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အားကောင်းသော ခုခံကာကွယ်မှုများ ဖန်တီးကာ ရန်သူကို ဝေခွဲမရဖြစ် သွားစေမယ့် ထိုးနှက်ချက်မျိုး ပြန်လည်တုံ့ပြန်ခဲ့တဲ့ ပြည်သူတွေကို ၎င်းက ကျေးဇူးတင်စကား ဆိုခဲ့ပါ တယ်။

 

ကိုးကား – NHK
Ref; US sending additional Marines and sailors to Middle Eas