ဧရာဝတီတိုင်းမ်
မတ် ၂၀ ရက်

 

အရှေ့အလယ်ပိုင်းဒေသတွင် ဖြစ်ပွားနေသည့် စစ်ပွဲများကြောင့် ကမ္ဘာ့ကုလသမဂ္ဂ(UN)၏ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ လုပ်ငန်းစဉ်တွေမှာ ခက်ခဲမှုများ ကြုံတွေ့နေရပြီး လူပေါင်း ၄၅ သန်းခန့် အငတ်ဘေးကြုံတွေ့ရနိုင်ကြောင်း UN ၏ပြောကြားချက်အရ သိရသည်။

 

စားနပ်ရိက္ခာပြတ်လပ်မှုပြသနာမှာ ကိုဗစ်ကာလနောက်ပိုင်း အဆိုးရွားဆုံးဖြစ်လာပြီး အစားအစာ ဈေးနှုန်းမြင့်တက်လာမှု၊ လောင်စာဆီစျေးနှုန်းများ မြင့်တက်လာမှုများက UN လူသားချင်းစာနာမှု လုပ်ငန်းစဉ်များအပေါ် အနှောင့်အယှက်ဖြစ်လာစေခြင်ရဖြစ်သည်။

 

အရှေ့အလယ်ပိုင်း စစ်ပွဲကြာချိန်မှာ တတိယပတ်ထဲသို့ ရောက်ရှိလာသည်နှင့်အမျှ သွားလာရေး စရိတ်နှင့် လောင်စာဆီဈေးနှုန်းများမှာ ၁၈ ရာခိုင်နှုန်းခန့် မြင့်တက်သွားပြီး ဆီလိုအက်ချင်ကြောင့် ထောက်ပံ့ရေးထရပ်ကားများမှာလည်း ထောင်နှင့်ချီရပ်တန့်ထားရကြောင်း သိရသည်။

ကုန်ကျစရိတ်အခက်အခဲများကြောင့် ရိက္ခာဝယ်ယူနိုင်မှုမှာလည်း လျော့နည်းလာပြီး လက်ရှိတွင် ဆူဒန်နိုင်ငံရှိ အငတ်ဘေးကြုံနေရသူများအတွက် ရိက္ခာထောက်ပံ့မှုကို စတင်လျော့ချနေရကာ အာဖဂန် နစ္စတန်ရှိ အာဟာရချို့တဲ့နေသည့် ကလေးငယ် လေး ဦးတွင် တစ် ဦးကိုသာ ထောက်ပံ့ပေးနိုင် တော့ကြောင်းလည်း သိရသည်။

 

ထို့ပြင် ကမ္ဘာ့ဓာတ်မြေဩဇာရောင်းဝယ်မှု၏ လေးပုံတစ်ပုံမှာ ဟော်မုဇ်ရေလက်ကြားမှတစ်ဆင့် ဖြတ်သန်းနေရခြင်းဖြစ်ပြီး အဆိုပါလမ်းကြောင်းမှာ ရပ်တန့်လုနီးပါးဖြစ်နေသည့်အတွက် စိုက်ပျိုးရေး အချိန်ကာလသို့ ရောက်ရှိတော့မည့် အာဖရိကနိုင်ငံများနှင့် အာရှနိုင်ငံများ၏ စိုက်ပျိုးရေးလုပ်ငန်းများကို ထိခိုက်လာနိုင်ကြောင်းလည်း သိရသည်။

 

ကမ္ဘာလုံးဆိုင်ရာ အစားအစာနှင့် လောင်စာဆီစျေးနှုန်းများရပ်တန့်လာခြင်းကြောင့် အာဖရိကနှင့် အာရှကဲ့သို့ သွင်းကုန်ကိုမှီခိုနေရသည့် နိုင်ငံများတွင် ကုန်စျေးနှုတ်း မြင့်တက်မှုများဖြင်လာနိုင်ပြီး အငတ်ဘေးကို တွန်းပို့နေသည့်အခြေအနေသို့ ရောက်ရှိနေကြောင်းလည်း UN ကဆိုထားသည်။

ကိုးကား – UN News
Ref; Middle East war risks pushing 45 million more people into acute hunger