ဧရာဝတီတိုင်းမ်
မတ် ၂၀ ရက်

 

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ဂျပန်ဝန်ကြီးချုပ် ဆာနာအဲတာကာအီချီတို့ရဲ့ တွေ့ဆုံမှုမှာ မ မျှော်လင့်ဘဲ အနေရခက်တဲ့ အခြေအနေသို့ ဆိုက်ရောက်သွားခဲ့ပါတယ်။

 

ဒေါ်နယ်ထရမ့်က အီရန်စစ်ပွဲနဲ့ပတ်သက်တဲ့ မေးခွန်းတွေကို ဖြေကြားရာမှာ ဒုတိယကမ္ဘာစစ် အတွင်း ဂျပန်တို့ရဲ့ ပုလဲဆိပ်ကမ်းတိုက်ခိုက်မှုကို ထည့်သွင်းပြီး နောက်ပြောင်ခဲ့လို့ ဖြစ်ပါတယ်။

 

ကြာသပတေးနေ့က အိမ်ဖြူတော်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အီရန်ကို မတိုက်ခိုက်မီ အဘယ်ကြောင့် ဂျပန်ကဲ့သို့သော မဟာမိတ်နိုင်ငံတွေကို ကြိုတင် အကြောင်းမကြားခဲ့သလဲလို့ သတင်း ထောက်တစ်ဦးက မေးမြန်းခဲ့ပါတယ်။

၁၉၄၁ ခုနှစ်မှာ ဂျပန်တို့ လေကြောင်းမှ ရုတ်တရက် ဝင်ရောက်တိုက်ခိုက်ခဲ့သည့် ဖြစ်ရပ်နှင့် နှိုင်း ယှဉ်ကာ “ကျွန်တော်တို့က ရုတ်တရက် အလစ်အငိုက် တိုက်ချင်လို့ ဘယ်သူ့ကိုမှ ကြိုမပြောခဲ့တာပါ။ အ လစ်အငိုက် တိုက်ခိုက်တာနဲ့ ပတ်သက်ရင် ဂျပန်ထက် ပိုသိတဲ့သူ ဘယ်သူရှိဦးမှာလဲ” လို့ ဒေါ်နယ်ထရမ့်က ဖြေကြားခဲ့ပါတယ်။

 

ဒေါ်နယ်ထရမ့်က ထိုသို့ပြောလိုက်တဲ့အခါ ဂျပန်ဝန်ကြီးချုပ်ရဲ့မျက်နှာမှာ ပြုံးနေရင်းမှ ရုတ်တ ရက် အမူအရာပျက်သွားခဲ့ပြီး မျက်လုံးများဝိုင်းစက်သွားပြီး အနေရခက်သလို ထိုင်ခုံပေါ်မှာ ဟိုရွေ့ဒီရွေ့နဲ့ ကိုယ်ဟန်အနေအထား ပြောင်းလဲသွားတာကို တွေ့မြင်ခဲ့ရပါတယ်။

 

၁၉၄၁ ခုနှစ်၊ ဒီဇင်ဘာလ ၇ ရက်နေ့က ဟာဝိုင်ယီကျွန်းရှိ အမေရိကန်ပုလဲဆိပ်ကမ်း ရေတပ်အ ခြေစိုက်စခန်းကို ဂျပန်တို့က တိုက်ခိုက်ခဲ့ရာ အမေရိကန်နိုင်ငံသား ၂,၃၉၀ ဦး သေဆုံးခဲ့ပါတယ်။

 

ထိုဖြစ်ရပ်ဖြစ်ပွားပြီး နောက်တစ်ရက်မှာ အမေရိကန်က ဂျပန်ကို စစ်ကြေညာခဲ့ပြီး ဒုတိယကမ္ဘာ စစ်အတွင်းသို့ တရားဝင် ပါဝင်လာခဲ့ပါတယ်။

 

ထိုစဉ်က အမေရိကန်သမ္မတ ဖရန်ကလင်ဒီရုစဗဲ့က ယင်းတိုက်ခိုက်ခံရမှုကို “အမည်းစက်စွန်းထင် ကျန်ရစ်မဲ့ သမိုင်းဝင်နေ့ရက်တစ်နေ့” လို့ ကမ္ဘာကျော် မိန့်ခွန်းခြွေခဲ့ပါတယ်။

 

၁၉၄၅ ခုနှစ်၊ သြဂုတ်လတွင် အမေရိကန်က ဟီရိုရှီးမားနဲ့ နာဂါဆာကီမြို့တွေကို အနုမြူဗုံးတွေနဲ့ တိုက်ခိုက်ခဲ့ရာ အရပ်သား သိန်းနဲ့ချီ သေဆုံးခဲ့ရပြီး ရက်ပိုင်းအကြာမှာ ဂျပန်တို့ စစ်ရှုံးကာ လက်နက်ချခဲ့ပါ တယ်။

 

ကိုးကား – ABC News
Ref; White House meeting with Japan’s PM turns awkward as Trump jokes about Pearl Harbor