ဧရာဝတီတိုင်းမ်
မတ် ၂၀ ရက်

ဒေသတွင်းရှိ စွမ်းအင်အခြေခံအဆောက်အအုံတွေကို တိုက်ခိုက်မှုတွေကြောင့် တင်းမာမှုတွေ မြင့် တက်နေစဉ် အီရန်နိုင်ငံပိုင် သဘာဝဓာတ်ငွေ့သိုက်ကို တိုက်ခိုက်ရာမှာ အစ္စရေးနိုင်ငံက တစ်ကိုယ်တော် လုပ်ဆောင်ခဲ့တယ်လို့ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက ပြောကြားလိုက်ပါတယ်။

ကမ္ဘာ့အကြီးဆုံး သဘာဝဓာတ်ငွေ့သိုက်ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ အီရန်နိုင်ငံပိုင် ဆောက်သ် ပါးစ်ကို အစ္စရေးက တိုက်ခိုက်ခဲ့ပြီး တီဟီရန်ကလည်း တုံ့ပြန်မှုအဖြစ် ကာတာနိုင်ငံရှိ စွမ်းအင်လုပ်ငန်းစု ကြီးတစ်ခုနဲ့ ပင်လယ်ကွေ့အတွင်းရှိ အခြားစွမ်းအင်ဆိုင်ရာ ပစ်မှတ်တွေကို တိုက်ခိုက်ခဲ့ပါတယ်။

အဆိုပါ တိုက်ခိုက်မှုတွေကြောင့် ကမ္ဘာ့စွမ်းအင်စျေးနှုန်းတွေ ရုတ်တရက် မြင့်တက်သွားခဲ့ပြီး အ မေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ၎င်းအနေဖြင့် အဆိုပါတိုက်ခိုက်မှုတွေကို ကြိုတင်သိရှိခြင်း မရှိခဲ့ဘူးလို့ နောက်ပိုင်းမှာ လူမှုမီဒီယာမှတစ်ဆင့် ရေးသားခဲ့ပါတယ်။

ကြာသပတေးနေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ စွမ်းအင်ဆိုင်ရာ ပစ်မှတ်တွေကို ယခုကဲ့ သို့ ထပ်မံတိုက်ခိုက်မှုမျိုး မပြုလုပ်ဖို့ သမ္မတ ဒေါ်နယ်ထရမ့်က တောင်းဆိုထားကြောင်း နေတန်ယာဟုက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

အစ္စရေးနိုင်ငံအနေနဲ့ အမေရိကန်ကို စစ်ပွဲအတွင်းသို့ ဆွဲသွင်းခဲ့ခြင်း သို့မဟုတ် သမ္မတ ဒေါ်နယ်ထ ရမ့်ကို လမ်းမှားရောက်အောင် လှည့်ဖြားခဲ့ခြင်းမရှိကြောင်း ဝန်ကြီးချုပ် နေတန်ယာဟုက ငြင်းဆိုခဲ့ပြီး အ မေရိကန်ခေါင်းဆောင်အား မည်သူကမျှ မည်သို့လုပ်ဆောင်ရမယ်လို့ ညွှန်ကြားနိုင်ခြင်း မရှိကြောင်း ၎င်း က ဆက်ပြောပါတယ်။

ယခုလို စွမ်းအင်အခြေခံအဆောက်အအုံများအပေါ် တိုက်ခိုက်မှုတွေဟာ အမေရိကန်နဲ့ အစ္စရေး တို့ အီရန်အပေါ် ဆင်နွှဲနေတဲ့ စစ်ပွဲအခြေအနေကို ပိုမို ဆိုးရွားစေခဲ့ပါတယ်။

အဆိုပါ စစ်ရေးလုပ်ရပ်များကြောင့် အီရန်ကလည်း ဟော်မုဇ်ရေလက်ကြားမှတစ်ဆင့် ကုန်သွယ် ရေကြောင်း သွားလာမှုတွေကို ကန့်သတ်ခြင်းနဲ့ တုံ့ပြန်ထားပါတယ်။

ကမ္ဘာတစ်ဝန်း နေ့စဉ်အသုံးပြုနေတဲ့ ရေနံစည်ပေါင်း သန်း ၁၀၀ ရဲ့ ငါးပုံတစ်ပုံခန့်ဟာ အီရန်ကမ်း ရိုးတန်းတစ်လျှောက်ရှိ ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်း၍ ပုံမှန် တင်ပို့နေရခြင်း ဖြစ်ပါတယ်။

ယခုတိုက်ခိုက်မှုကြောင့် ကမ္ဘာလုံးဆိုင်ရာ စွမ်းအင်ထောက်ပံ့မှုအပေါ် ကြီးမားသော နောက်ဆက် တွဲသက်ရောက်မှုတွေ ရှိလာနိုင်ပြီး အလွန်အန္တရာယ်ကြီးမားသော အခြေအနေ တင်းမာမှု မြင့်တက်လာ ခြင်းဖြစ်ကြောင်း ကာတာဝန်ကြီးချုပ် မိုဟာမက် ဘင်အဗ္ဗဒူရာမန် အယ်လ်သာနီက သတိပေးခဲ့ပါတယ်။

အကယ်၍ အီရန် အခြေခံအဆောက်အအုံများ ထပ်မံတိုက်ခိုက်ခံရပါက အီရန်အနေနဲ့ လုံးဝ သည်း ခံမှာမဟုတ်ဖူးလို့ အီရန်နိုင်ငံခြားရေးဝန်ကြီး အဘတ်စ်အရတ်ချီက ပြောကြားခဲ့ပါတယ်။

ကိုးကား – BBC
Ref; Netanyahu says Israel ‘acted alone’ in attack on Iranian gas field