ဧရာဝတီတိုင်းမ်
မတ် ၁၉ ရက်
မဟာဗျူဟာမြောက် အရေးပါသော ဟော်မုဇ်ရေလက်ကြားအနီးရှိ အီရန်ဒုံးကျည်စခန်းတွေကို ပေါင် ၅,၀၀၀ ဗုံးတွေတဲ့ တိုက်ခိုက်ခဲ့တယ်လို့ ပင်တဂွန်စစ်ဌာနချုပ် တာဝန်ရှိသူတွေက အင်္ဂါနေ့နှောင်းပိုင်း မှာ ပြောကြားခဲ့ပါတယ်။
အမေရိကန် အလယ်ပိုင်းစစ်ဌာနချုပ်က အဆိုပါ စစ်ဆင်ရေးနဲ့ပတ်သက်ပြီး အသေးစိတ် အချက် အလက်တွေကို မထုတ်ပြန်ပေမယ့် ရေလက်ကြားအတွင်း ဖြတ်သန်းသွားလာနေတဲ့ ကုန်တင်သင်္ဘော တွေကို တိုက်ခိုက်ဖို့ အီရန်စစ်တပ်က အသုံးပြုနေတဲ့ သင်္ဘောဖျက် ခရုစ်ဒုံးကျည်စခန်းတွေကို ပစ်မှတ် ထားခဲ့တယ်လို့ ပြောပါတယ်။
“လွန်ခဲ့တဲ့ နာရီပိုင်းက အမေရိကန်တပ်ဖွဲ့ဝင်တွေဟာ ဟော်မုဇ်ရေလက်ကြားအနီး အီရန်ကမ်းရိုး တန်းတစ်လျှောက်ရှိ ခိုင်ခံ့အောင် တည်ဆောက်ထားတဲ့ အီရန်ဒုံးကျည်စခန်းတွေကို ပေါင် ၅,၀၀၀ မြေ အောက်ထွင်းဖောက် ဗုံးအမျိုးအစား အမြောက်အမြား အသုံးပြုပြီး အောင်မြင်စွာ တိုက်ခိုက်နိုင်ခဲ့ပါတယ်” လို့ CENTCOM က လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။
အဆိုပါစခန်းတွေမှာရှိတဲ့ အီရန်ရဲ့ သင်္ဘောဖျက်ခရုစ်ဒုံးကျည်တွေဟာ ရေလက်ကြားအတွင်း နိုင်ငံ တကာ သင်္ဘောသွားလာရေးအတွက် ခြိမ်းခြောက်မှုဖြစ်စေတယ်လို့ CENTCOM က ဆိုပါတယ်။
အီရန်နိုင်ငံရဲ့ ပိတ်ဆို့မှုကြောင့် ကမ်းရိုးတန်းအလွန်ရှိ ကျဉ်းမြောင်းသော ရေလမ်းကြောင်းဖြစ်တဲ့ ဟော်မုဇ်ရေလက်ကြားဟာ လက်ရှိမှာ လုံးဝရပ်ဆိုင်းသွားခဲ့ပြီဖြစ်ပါတယ်။
အဆိုပါ ရေလက်ကြားဟာ ပါရှန်းပင်လယ်ကွေ့အတွင်းမှ ရေနံအပါအဝင် ကုန်စည်များ သယ်ယူပို့ ဆောင်ရေးအတွက် အလွန်အရေးပါသော နေရာဖြစ်ပြီး ကမ္ဘာ့ရေနံစီးဆင်းမှုရဲ့ ၂၀ ရာခိုင်နှုန်းခန့်မှာ ထိုရေ လမ်းကြောင်းကို ဖြတ်သန်းသွားလာနေပါတယ်။
အမေရိကန်အစိုးရအနေနဲ့ ရေလက်ကြားကို ပြန်လည်ဖွင့်လှစ်နိုင်ရန် နိုင်ငံတကာ မဟာမိတ်အဖွဲ့ အစည်းတစ်ခု ဖွဲ့စည်းဖို့ ကြိုးပမ်းနေပေမယ့် အခြားနိုင်ငံတွေ ပါဝင်လာစေဖို့ ရုန်းကန်နေရပါတယ်။
အီရန်ရဲ့ ပိတ်ဆို့မှုကြောင့် ကမ္ဘာ့အင်အားဖြည့်တင်းရေး စျေးကွက်များအပေါ် သိသိသာသာ သက် ရောက်မှုရှိနေပြီး ယင်းနောက်ဆက်တွဲအနေနဲ့ အမေရိကန်နိုင်ငံအတွင်း စက်သုံးဆီစျေးနှုန်းများ မြင့်တက် လာခြင်းကြောင့် အီရန်အရေးနဲ့ပတ်သက်ပြီး နောက်ဆုံးပစ်မှတ်ကို ရှင်းလင်းစွာ ချပြရန် အိမ်ဖြူတော်အ ပေါ် နိုင်ငံရေးအရ ဖိအားတွေ ကျရောက်လျက်ရှိပါတယ်။
ဥရောပမဟာမိတ်နိုင်ငံတွေနဲ့ ရေလမ်းကြောင်း ပြန်လည်ဖွင့်လှစ်ရေး ကူညီရန် ချက်ချင်းလက် မှတ်ရေးထိုး ပါဝင်ခြင်းမရှိသည့်အပေါ် စိတ်ပျက်မိကြောင်း သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားခဲ့ပါ တယ်။
ကိုးကား – Washington Times
Ref; U.S. drops 5,000-pound bombs on Iranian missile sites near the Strait of Hormuz