
ဘိုကလေးမြို့နယ်တွင် ကျေးရွာတွေရှိပြည်သူတွေကို ကင်းမစောင့်ရင် ငွေ ၃၀၀၀ ကောက်ခံနေ
ဧရာဝတီတိုင်းမ်
(ဘိုကလေး)၊ စက်တင်ဘာလ ၁၀ ရက်
ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ်မှာ စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးအဖွဲ့ဝင်တွေက ကင်းမစောင့်တဲ့ ကျေးရွာတွေက ပြည်သူတွေကို ငွေ ၃၀၀၀ ကျပ်ကောက်ခံတာတွေ့ပြုလုပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မလော့ကျေးရွာအုပ်စုမှာ ကျေးရွာပေါင်း ၁၀ ရွာရှိပြီး အဲ့ဒီအထဲက ကျေးရွာ ၂ ရွာကိုသာကင်းစောင့်ခိုင်းသလို မစောင့်နိုင်တဲ့နေအိမ်တွေကို ငွေ ၃၀၀၀ ကောက်ခံနေတာလို့ ဒေသခံတွေက ပြောပါတယ်။
မလော့ကျေးရွာနဲ့ အလယ်စုကျေးရွာတွေမှာ ည ၁၀ နာရီကနေ မနက် ၆ နာရီအထိ ရွာ အဝင် အထွက်တံခါး တွေကို ဝါးတံခါးတွေပြုလုပ်ကာပိတ်ထားပြီး တံခါးတိုင်းမှာ လူ ၃ ဦးစီကင်းစောင့်နေရတာလို့ သိရပါတယ်။
#တစ်မိနစ်ရုပ်သံ
#Ayeyarwaddy_Times