
စစ်ကောင်စီ ခလရ ၅၀ တပ်က မြင်းဇာရွာကိုမီးဝင်ရှို့လို့ နေအိမ် ၁၇ လုံးမီးလောင်ပျက်ဆီး
မိုင်မိုင်/ဧရာဝတီတိုင်းမ်
(ဂန့်ဂေါ)၊စက်တင်ဘာလ ၁၀ ရက်
မကွေးတိုင်း ၊ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ်¸မြင်းဇာရွာကို စစ်ကောင်စီတပ် ခလရ ၅၀ စစ်ကြောင်းက ယနေ့ စက်တင်ဘာလ ၁၀ ရက် မနက် ၇ နာရီဝန်းကျင်တွင် ဝင်ရောက်မီးရှို့ခဲ့ကြောင်း ဒေသခံများထံ ကသိရသည်။
အိမ်ခြေ ၂၀၀ ကျော်ရှိ မြင်းဇာရွာကိုဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့သဖြင့် လူနေအိမ် ၁၇ လုံးထက်မနည်း မီးလောင်ဆုံးရှုံးခဲ့ပြီး ဒေသခံများထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။
“မနက် က မြင်းဇာရွာကို ဂန့် ဂေါ ခလရ ၅၀ စစ်ကြောင်းက မီးဝင်ရှို့တာ လူနေအိမ်(၁၇)လုံး ထက်မနည်းမီးလောင်သွားတယ်၊ ဒေသခံတွေလည်းပြေးနေရတယ်” ဟု ဂန့်ဂေါမြို့ဒေသခံအမျိုးသား တစ်ဦးကဧရာဝတီတိုင်းကိုပြောသည်။
မြင်းဇာရွာကို ဝင်ရောက်မီးရှို့ဖျက်ဆီးပြီးနောက် စစ်ကောင်စီ ခလရ ၅၀ စစ်ကြောင်းသည် တောင်ဖက် လာပို့ရွာကိုထွက်ခွာသွားကြောင်းသိရသည်။
#Ayeyarwaddy_Times