ဧရာဝတီတိုင်းမ်
မတ် ၁၈ ရက်
လက်နက်ကိုင်အဖွဲ့တွေကို လေ့ကျင့်ပေးဖို့ မြန်မာနိုင်ငံတွင်းသို့ တရားမဝင် ဝင်ရောက်မှုသံသယ နဲ့ ယူကရိန်းနိုင်ငံသားခြောက်ဉီးနဲ့ အမေရိကန်နိုင်ငံသားတစ်ဉီး အပါအဝင် နိုင်ငံခြားသား ၇ ဦးကို အိန္ဒိယ နိုင်ငံက ဖမ်းဆီးခဲ့ပါတယ်။
နိုင်ငံခြားသားတွေကို ဖမ်းဆီးတဲ့အကြောင်း နယူးဒေလီမြို့တော်ရှိ တရားရုံးတစ်ရုံးကို ကိုးကား ပြီး All India Radio က အင်္ဂါနေ့မှာ ဖော်ပြခဲ့တာပါ။
နိုင်ငံခြားသားတွေဟာ အိမ်နီးချင်း မြန်မာနိုင်ငံသို့ မဝင်ရောက်မီ တရားဝင် ခွင့်ပြုချက်မရှိဘဲ မီဇို ရမ်ပြည်နယ်ထဲ တရားမဝင် ဝင်ရောက်ခဲ့ပါတယ်။
အဆိုပါနိုင်ငံခြားသားတွေဟာ အိန္ဒိယနိုင်ငံရှိ သောင်းကျန်းသူအုပ်စုတွေနဲ့ ဆက်နွှယ်မှုရှိတဲ့ တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့တွေကို လေ့ကျင့်ပေးခဲ့တယ်လို့ သိရပါတယ်။
နိုင်ငံခြားသားတွေဟာ မြန်မာနိုင်ငံမှာ အသုံးပြုဖို့ ဥရောပတိုက်မှ အိန္ဒိယသို့ ဒရုန်းတွေ တရားမ ဝင် ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။
အိန္ဒိယ အမျိုးသား စုံစမ်းစစ်ဆေးရေးအေဂျင်စီမှ တာဝန်ရှိသူတွေကို မြန်မာနိုင်ငံမှပြန်လာတဲ့ ယူကရိန်း ၆ ဉီးကို ဒေလီမြို့တော်မှာနဲ့ အမေရိကန်နိုင်ငံသားကို ကိုးလ်ကတ္တားမြို့မှာ ဖမ်းဆီးခဲ့ပါတယ်။
နိုင်ငံခြားသား ၇ ဦးကို ထောင်ဒဏ်တစ်သက် ကျခံရနိုင်တဲ့ အိန္ဒိယနိုင်ငံကိုပုန်ကန်တဲ့ အကြမ်း ဖက်မှုတွေ ကျူးလွန်ဖို့ ပူးပေါင်းကြံစည်မှုနဲ့ စွဲချက်တင်ထားပါတယ်။
အိန္ဒိယဘက်ခြမ်းရှိ ပြည်သူတွေနဲ့ လူမျိုးတူညီတဲ့ မြန်မာဘက်မှ လက်နက်ကိုင်အဖွဲ့တွေကြောင့် အကြမ်းဖက်မှုတွေ ပျံ့နှံ့လာမှာကို အိန္ဒိယနိုင်ငံက စိုးရိမ်နေပါတယ်။
ထောင်ချီတဲ့ ကြေးစားစစ်သားတွေဟာ မီဇိုရမ်ပြည်နယ်မှတစ်ဆင့် မြန်မာနိုင်ငံသို့ သွားရောက်ခဲ့ တယ်လို့ ပြည်နယ်ဝန်ကြီးချုပ်က ပြီးခဲ့တဲ့နှစ်မှာ အခိုင်အမာပြောခဲ့ပေမယ့် အတည်ပြုဖို့ ခက်ခဲပါတယ်။
ဝေးလံခေါင်ဖျား တောနက်တွေနဲ့ ဆီးနှင်းဖုံးလွှမ်းနေတဲ့ ဟိမဝန္တာတောင်တွေကို ဖြတ်ကျော်သွား တဲ့ ကီလိုမီတာ ၁၆၄၃ ကီလိုမီတာရှိ ခြံစည်းရိုးတစ်ခုကို မြန်မာနယ်စပ်တစ်လျှောက် အိန္ဒိယနိုင်ငံက တည်ဆောက်နေပါတယ်။
မြန်မာနိုင်ငံ၊ ချင်းပြည်နယ်မှ အများစုဖြစ်တဲ့ ထောင်ချီသော မြန်မာနိုင်ငံသားတွေဟာ ပြည်တွင်း စစ် အရှိန်မြှင့်လာပြီးနောက် အိန္ဒိယနိုင်ငံထဲသို့ ထွက်ပြေးခဲ့ပါတယ်။
ကိုးကား – The Sun
Ref; Seven foreigners arrested in India for training Myanmar rebels