ဧရာဝတီတိုင်းမ်
မတ် ၁၈ ရက်

ဟော်မုဇ်ရေလက်ကြားမှ ဖြတ်သန်းသွားတဲ့ ရေနံတင်သင်္ဘောတွေကို လိုက်ပါစောင့်ရှောက်ဖို့ မည် သည့်အကူအညီမှ မလိုအပ်ဘူးလို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အင်္ဂါနေ့မှာသတင်းထောက်တွေ ကို ပြောကြားခဲ့ပါတယ်။

နေတိုးအဖွဲ့ဟာ ကူညီပေးဖို့ သဘောမတူဘဲ မိုက်မဲသော အမှားအယွင်းတစ်ခု ပြုလုပ်နေပြီး ယင်း မှာ ကြီးမားသော စမ်းသပ်မှုတစ်ခုဖြစ်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် အမေရိကန်နိုင်ငံက နေတိုးအဖွဲ့ ကို မလိုအပ်သောကြောင့်ဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။

အီရန်စစ်ဆင်ရေးမှာ ပါဝင်မှာမဟုတ်ဖူးလို့ နေတိုးမဟာမိတ်အများစုက အမေရိကန်နိုင်ငံကို အ ကြောင်းကြားခဲ့ကြောင်း၊ အမေရိကန်နိုင်ငံဟာ စစ်ရေးအောင်မြင်မှုတွေ ရရှိခဲ့လို့ နေတိုးအဖွဲ့ရဲ့ အကူအညီ ကို မလိုအပ်ဘူးလို့ ၎င်းက ဆိုပါတယ်။

မဝေးတော့တဲ့အနာဂတ်မှာ အမေရိကန်နိုင်ငံဟာ အီရန်နိုင်ငံမှ ထွက်ခွာမှာဖြစ်ပေမယ့် လက်ရှိမှာ အီရန်မှ ဆုတ်ခွာဖို့ အဆင်သင့်မဖြစ်သေးဘူးလို့ ဒေါ်နယ်ထရမ့်က သတင်းထောက်တွေကို ပြောပါတယ်။

အီရန် အမျိုးသားလုံခြုံရေးကောင်စီရဲ့ အတွင်းရေးမှူး အလီလာရီဂျာနီကို သုတ်သင်ခဲ့တယ်လို့ အစ္စရေးစစ်တပ်မှ ပြောရေးဆိုခွင့်ရှိသူက ရုပ်သံဖိုင်တစ်ခုမှာ ပြောပါတယ်။

အီရန် အမျိုူးသားလုံခြုံရေးကောင်စီက လာရီဂျာနီ သေဆုံးတာကို အီရန်မီဒီယာတွေကလည်း အ တည်ပြုခဲ့ပါတယ်။

အကြမ်းဖက်ရာဇဝတ်ကောင်တွေကို လက်စားချေမယ်လို့ အီရန်သမ္မတ မာစွပ်ပီဇက်ကီယန်က ပြောကြားခဲ့ပါတယ်။

လက်ရှိ ပဋိပက္ခကြောင့် အီရန်နိုင်ငံမှာ လူ ၁၄၄၄ ဉီး သေဆုံးခဲ့ပြီလို့ ကာတာနိုင်ငံအခြေစိုက် အယ်လ်ဂျာဇီးယားရုပ်သံလွှင့်ဌာနက ဖော်ပြခဲ့ပါတယ်။

လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သားအဆောက်အအုံ ၆၇၀၀၀ ကျော်နဲ့ ဆေးရုံ၊ စာသင် ကျောင်း ၅၀၀ နီးပါး ပျက်စီးခဲ့တယ်လို့ အီရန်လခြမ်းနီအသင်းက ပြောပါတယ်။

ကိုးကား – NHK
Ref; Trump: US needs no help with Strait of Hormuz