ဧရာဝတီတိုင်းမ်
မတ်လ ၁၇ ရက်
ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီအနေနဲ့ စစ်အုပ်စုထိန်းချုပ်ထားတဲ့ မြန်မာနိုင်ငံမှာ လူ့အခွင့် အရေးဆိုင်ရာ ကာကွယ်စောင့်ရှောက်မှုတွေကို တိုးမြှင့်ဆောင်ရွက်ပေးဖို့ ကုလသမဂ္ဂ အထူးအစီရင်ခံစာ တင်သွင်းသူက သောကြာနေ့မှာ တိုက်တွန်းလိုက်ပါတယ်။
နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ ထိရောက်စွာ အရေးယူဖို့ ပျက်ကွက်နေခြင်းဟာ မြန်မာပြည်သူ သန်းပေါင်းများစွာအတွက် သေဒဏ်ပေးလိုက်တာနဲ့ အတူတူဖြစ်တယ်လို့ ၎င်းက ဆိုပါ တယ်။
မြန်မာနိုင်ငံဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူ တွမ်အန်ဒရူးက ကမ္ဘာ့အစီအစဉ်များ ဆက် တိုက်ပျက်ပြားနေမှုနဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေ၊ အထူးသဖြင့် မြန်မာလိုမျိုး နိုင်ငံတွေရှိ လူ့အခွင့် အရေးဆိုင်ရာ စိုးရိမ်ဖွယ်ရာ အခြေအနေတွေကို တင်ပြခဲ့ပါတယ်။
နိုင်ငံတကာရဲ့ သံတမန်ရေးရာ အားလျော့လာမှုကြောင့် မြန်မာနိုင်ငံအပေါ် ထောက်ခံအားပေးမှု တွေ လျော့နည်းလာခြင်းဟာ စစ်အုပ်စုရဲ့ ထိန်းချုပ်မှုကို ပိုမိုခိုင်မာစေခဲ့ပါတယ်။
မြန်မာစစ်အုပ်စုဟာ တရုတ်နိုင်ငံရဲ့ ဆက်လက်ထောက်ခံမှုများ ရှိနေခြင်းနဲ့ အတိုက်အခံ လှုပ်ရှား မှုတွေ အားနည်းချက်တွေ ရှိနေချိန်တွင် ယခုကဲ့သို့ အခြေအနေမျိုး ဖြစ်ပေါ်နေတာလို့ သူက ဆိုပါတယ်။
မကြာသေးမီက ပြုလုပ်ခဲ့တဲ့ ရွေးကောက်ပွဲဟာ တရားဝင်မှုရရှိဖို့ လုပ်ကြံဖန်တီးထားတဲ့ လှည့် ကွက်တစ်ခုသာဖြစ်ကြောင်း နိုင်ငံတကာက ဖော်ထုတ်နိုင်ခဲ့တဲ့ ကြိုးပမ်းချက်တွေကို ၎င်းက ချီးကျူးခဲ့ပါ တယ်။
တရားမဝင် အုပ်ချုပ်သူတွေကို ငြင်းပယ်ဖို့ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ ဟန်ချက်ညီသော ကြိုးပမ်းမှုတွေ ဆက်လက်လုပ်ဆောင်သွားဖို့လည်း ၎င်းက တိုက်တွန်းခဲ့ပါတယ်။
“ရိုဟင်ဂျာ လူနည်းစုတွေဟာ ရခိုင်ပြည်နယ်အတွင်းမှာရော နယ်စပ်တစ်ဖက်ခြမ်းမှာရှိတဲ့ ရိုဟင် ဂျာ ၁ ဒသမ ၃ သန်းခန့် ခိုလှုံနေရတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာပါ ဆက်လက်ပြီး ဒုက္ခဆင်းရဲတွေ ကြုံတွေ့နေ ရဆဲ ဖြစ်ပါတယ်” လို့ တွမ်အန်ဒရူးက ပြောပါတယ်။
ကိုးကား – Jurist News
UN expert warns of fraying international system, repercussions in Myanmar