ဧရာဝတီတိုင်းမ်
မတ် ၁၇ ရက်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဟော်မုဇ်ရေလက်ကြား ပြန်လည်ဖွင့်လှစ်နိုင်ရေး တရုတ် စစ်သင်္ဘောတွေ စေလွှတ်ပေးဖို့ တောင်းဆိုလိုက်ပြီး ယင်းသို့မဟုတ်ပါက ကာလရှည်ကြာ စီစဉ်ထားတဲ့ တ ရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်နဲ့ ထိပ်သီးတွေ့ဆုံပွဲကို ရွှေ့ဆိုင်းမယ်လို့ ခြိမ်းခြောက်လိုက်ပါတယ်။
ဒေါ်နယ်ထရမ့်က လာမည့် နှစ်ပတ်အတွင်း ဟော်မုဇ်ရေလက်ကြားမှာ သင်္ဘောတွေ ပြန်လည် သွားလာနိုင်ရေး ကူညီပေးဖို့ ၎င်း၏တောင်းဆိုချက်ကို တရုတ်ဘက်က အကြောင်းမပြန်ပါက မတ် လ ၃၁ ရက်တွင် ပေကျင်းမြို့၌ စတင်ဖို့လျာထားတဲ့ ထိပ်သီးတွေ့ဆုံပွဲကို ရွှေ့ဆိုင်းနိုင်တယ်လို့ ပြောပါတယ်။
အကြောင်းပြန်ချက်ကို ထိပ်သီးတွေ့ဆုံပွဲအထိ စောင့်ဆိုင်းနေခြင်းမှာ အချိန်ကြာမြင့်လွန်းတယ် လို့ ဒေါ်နယ်ထရမ့်က ဆိုပါတယ်။
အိမ်ဖြူတော် ပြန်ကြားရေးအရာရှိ ကာရိုလိုင်းလီဗစ်က အီရန်နဲ့ ဖြစ်ပွားနေတဲ့ စစ်ပွဲကြောင့် သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ တရုတ်နိုင်ငံခရီးစဉ်မှာ ကြန့်ကြာနိုင်ခြေရှိတယ်လို့ တနင်္လာနေ့မှာ ပြောကြားခဲ့ပါ တယ်။
“တွေ့ဆုံမယ့်ရက်တွေကို ပြောင်းလဲနိုင်ပါတယ်။ သမ္မတဟာ အင်အားစုအားလုံးရဲ့ စစ်သေနာပတိ ချုပ် ဖြစ်တာနဲ့အညီ အခုလက်ရှိလုပ်ဆောင်နေတဲ့ ‘Epic Fury’ လို့ အမည်ပေးထားတဲ့ စစ်ဆင်ရေးကြီး ဆက်လက်အောင်မြင်ဖို့က သူ့အတွက် နံပါတ်တစ် ဦးစားပေး လုပ်ငန်းစဉ်ဖြစ်ပါတယ်” လို့ ၎င်းက ပြော ကြားခဲ့ပါတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက နှစ်နိုင်ငံတာဝန်ရှိသူတွေဟာ ထိပ်သီး တွေ့ဆုံပွဲအတွက် အစီအစဉ်တွေကို ဆွေးနွေးနေတယ်လို့ တနင်္လာနေ့မှာ ပြောကြားခဲ့ပြီး ခေါင်းဆောင်နှစ် ဦးကြား တိုက်ရိုက်တွေ့ဆုံဆွေးနွေးမှုသည် မရှိမဖြစ်လိုအပ်တယ်လို့ ဆိုပါတယ်။
ပြောရေးဆိုခွင့်ရှိသူ လင်ကျန့်က ပေကျင်းမြို့မှာ ပြုလုပ်တဲ့ နေ့စဉ်သတင်းစာရှင်းလင်းပွဲမှာ သ တင်းထောက်တွေကို “နိုင်ငံ့အကြီးအကဲများအဆင့် သံတမန်ရေးရာ ဆောင်ရွက်မှုဟာ တရုတ်-အမေရိ ကန် ဆက်ဆံရေးမှာ အစားထိုးလို့မရတဲ့ မဟာဗျူဟာမြောက် လမ်းညွှန်မှုအခန်းကဏ္ဍကနေ ပါဝင်နေပါ တယ်” လို့ ပြောပါတယ်။
ကိုးကား – Telegraph India
Ref; Trump threatens to delay Xi Jinping summit over China role in Hormuz crisis