ဧရာဝတီတိုင်းမ်
မတ် ၁၆ ရက်

 

ကိုးကန့်တပ် (MNDAA) နှင့် တအာင်းတပ် (TNLA) တို့အကြား ဖြစ်ပွားနေသည့် ပဋိပက္ခကို လက်နက်ကိုင်နည်းလမ်းဖြင့် မဖြေရှင်းကြဘဲ တွေ့ ဆုံဆွေးနွေး‌ရေးဖြင့် အဖြေရှာကြရန် ‌နွေဦးတော်လှန်ရေး မဟာတပ်ပေါင်းစု(SRA) က ထုတ်ပြန်တောင်းဆိုထားသည်။

 

အချင်းချင်းကြား လက်နက်ကိုင်ပဋိပက္ခ ဖြစ်ပွားနေခြင်းသည် သက်ဆိုင်ရာအဖွဲ့အစည်း နှစ်ခုတည်း ထိ ခိုက်ခြင်းမဟုတ်ဘဲ လက်ရှိတော်လှန်ရေးလုပ်နေသည့် အဖွဲ့အစည်းတစ်ရပ်လုံးအတွက်ပါ အကျိုးသက် ရောက်မှုရှိသည်ဟု ဆိုသည်။

 

ထို့ကြောင့် အချင်းချင်းကြား ဖြစ်ပွားနေသည့် မိတ်ဖက်ပဋိပက္ခများကို လက်နက်ကိုင်နည်းလမ်းဖြင့် မဖြေရှင်းကြဘဲ တွေ့ ဆုံဆွေးနွေးအဖြေရှာကြပေးရန် SRA က တိုက်တွန်းတောင်းဆိုထားသည်။

 

၁၀၂၇ စစ်ဆင်ရေးတွင်း ညီနောင်မဟာမိတ်(၃)ဖွဲ့ဖြင့် ပူးပေါင်းပါဝင်တိုက်ခိုက်ပြီး စစ်အာဏာရှင်စနစ်ကို ချေမှုန်းခွင့်ရခဲ့သည့်အတွက် ၎င်းတို့ နွေဦးတော်လှန် ရေး အင်အားစု‌များအနေဖြင့် အစဥ်အမြဲ ဂုဏ်ယူလျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

အလားတူ တအာင်းအရပ်ဘက် အဖွဲ့အစည်းများကွန်ရက်(TCSO)၊ အထူးဒေသ (၁) ကျန်းမာရေး အင်အားစု၊ CDM ကျန်းမာရေးအင်အားစု၊ ကျန်းမာ ရေးမိသားစု (မန္တလေး)၊ မကွေးဒေသ တော်လှန်ရေးအင်အားစုများ ကွန်ရက်နှင့် အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ NUCC စသည့် အဖွဲ့အသည်းများ ယကလည်း တွေ့ဆုံဆွေးနွေးရေးဖြင့် ဖြေရှင်းကြပေးရန် ‌ထုတ်ပြန်တောင်းဆို ထားကြသည်။

 

ဓာတ်ပုံ-SRA တပ်ဖွဲ့ဝင်များ