ဧရာဝတီတိုင်းမ်
မတ် ၁၆ ရက်

အမေရိကန်နိုင်ငံရဲ့ တိုက်ခိုက်မှုတွေကို ခုခံကာကွယ်မှု တစ်စိတ်တစ်ပိုင်းအဖြစ် အီရန်နိုင်ငံရဲ့ တိုက်ခိုက်မှုတွေဟာ လူနေဧရိယာတွေကို တိုက်ခိုက်ခြင်းမရှိဘဲ ဒေသတွင်းရှိ အမေရိကန် စစ်ဘက်စခန်း တွေ၊ အကျိုးစီးပွားတွေနဲ့ စစ်ဘက်အဆောက်အအုံတွေကိုသာ ပစ်မှတ်ထားတယ်လို့ အီရန် နိုင်ငံခြားရေး ဝန်ကြီး အဘတ်စ်အရတ်ချီက ပြောပါတယ်။

အီရန်နိုင်ငံပိုင် Kharg ကျွန်းကို ဒုံးကျည်တွေနဲ့တိုက်ခိုက်ရာမှာ ယူအေအီးနိုင်ငံရှိ နေရာနှစ်ခုမှ တိုက်ခိုက်ခဲ့တာကို ပြသနေတယ်လို့ ၎င်းက ဆိုပါတယ်။

ဒုံးကျည်တွေကို လူနေခရိုင်တစ်ခုနဲ့ လူနေဧရိယာနောက်မှာ ပုန်းအောင်းနေတဲ့ အမေရိကန်တပ်ဖွဲ့ တွေက ပစ်ခတ်ခဲ့တာလို့ ၎င်းက ဆက်ပြောပါတယ်။

အမေရိကန်ဒရုန်းတွေကို အာရပ်နိုင်ငံများရှိ ပစ်မှတ်တွေကို တိုက်ခိုက်ဖို့ လွှတ်တင်ခဲ့တယ်ဆိုတဲ့ သတင်းအချက်အလက်တွေ အီရန်နိုင်ငံက ရရှိထားတယ်လို့ သူက အခိုင်အမာပြောပါတယ်။

ယင်းသို့သော တိုက်ခိုက်မှုတွေကို ဒေသတွင်းရှိ တိုင်းပြည်တွေနဲ့ ပူးတွဲ စုံစမ်းစစ်ဆေးဖို့ အီရန်နိုင်ငံ က ပြင်ဆင်ထားပြီး ယင်းတိုက်ခိုက်မှုတွေဟာ အီရန်နဲ့ အာရပ်အိမ်နီးချင်းတွေကြား ဆက်ဆံရေး ထိခိုက် စေဖို့ ရည်ရွယ်တာဖြစ်နိုင်တယ်လို့ အရတ်ချီက ပြောပါတယ်။

အရပ်သားနယ်မြေတွေကို တိုက်ခိုက်ခြင်းအားဖြင့် အစ္စရေးနိုင်ငံဟာ အီရန်နဲ့ အာရပ်နိုင်ငံတွေ ကြား အပျက်သဘောဆောင်တဲ့ လမ်းကြောင်းတစ်ခုဖြစ်အောင် ကြိုးပမ်းနေတယ်လို့ ယူဆရကြောင်း ၎င်း က ဆက်ပြောပါတယ်။

အီရန်နိုင်ငံရဲ့ ဒုံးကျည်နဲ့ဒရုန်း တိုက်ခိုက်မှုတွေကို ဟန့်တားနိုင်ခဲ့တယ်လို့ ယူအေအီးနဲ့ ဘာရိန်းနိုင် ငံတို့က ပြောပါတယ်။

အီရန်ဒရုန်းတွေကို အောင်မြင်စွာ ပစ်ချနိုင်ခဲ့တယ်လို့ ဆော်ဒီအာရေဗျအစိုးရနဲ့ ကူဝိတ်အာဏာပိုင် တွေက ပြောပါတယ်။

ကိုးကား – NHK
Ref; Araghchi: Iran’s attacks target US military assets, not civilian locations