ဧရာဝတီတိုင်းမ်
မတ် ၁၆ ရက်
အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက ၎င်းသေဆုံးနေပြီ သို့မဟုတ် ဒဏ်ရာပြင်းထန်စွာ ရရှိထားထားတယ်ဆိုတဲ့ ကောလာဟလတွေကို တုံ့ပြန်တဲ့အနေနဲ့ ၎င်းကိုယ်တိုင် ကော်ဖီသောက်ရင်း လက်ထောက်တစ်ဉီးနဲ့ စကားပြောနေတဲ့ ဗီဒီယိုဖိုင်တစ်ခုကို မတ်လ ၁၅ ရက်မှာ လူမှုကွန်ရက်၌ တင်ခဲ့ပါ တယ်။
အဆိုပါ ကောလာဟလတွေကို အီရန်အစိုးရပိုင် မီဒီယာများက စတင်ထုတ်လွှင့်ခဲ့ပြီးနောက် အီရန် အွန်လိုင်းအသိုင်းအဝိုင်းမှာ ပျံ့နှံ့သွားခဲ့ပါတယ်။
ဂျေရုဆလင်မြို့ ဆင်ခြေဖုံးရှိ ကော်ဖီဆိုင်တစ်ခုမှာ ရိုက်ကူးထားပြီး နေတန်ယာဟုရဲ့ တယ်လီဂ ရမ်အကောင့်မှာ တင်ထားတဲ့ ထိုဗီဒီယို၌ ၎င်း၏လက်ထောက်အရာရှိက အွန်လိုင်းတွင် ပျံ့နှံ့နေသော ကောလာဟလတွေနဲ့ပတ်သက်လို့ ဝန်ကြီးချုပ်အား မေးမြန်းခဲ့ပါတယ်။
နေတန်ယာဟုက ကော်ဖီခွက်ကို လှမ်းယူရင်း ဟီဘရူးဘာသာစကားလုံး “Dead” ကို အနက်နှစ် မျိုးထွက်တဲ့ စကားလုံးအဖြစ် အသုံးပြုကာ ပြန်လည်ဖြေကြားခဲ့ပါတယ်။
“နေတန်ယာဟုက “ကျွန်တော်ကတော့ ကော်ဖီကို အရမ်းစွဲလမ်းတာဗျ။ ကျွန်တော်က ကျွန်တော့် ရဲ့ ပြည်သူတွေကိုလည်း အရမ်းချစ်ပြီး စွဲလမ်းတာပါ” ဟု ၎င်း၏လက်ထောက်ကို ရယ်မောလျက် ပြန် လည်ပြောကြားခဲ့ပါတယ်။
ရိုက်တာသတင်းဌာနက ဗီဒီယိုဖိုင်ပါ ကော်ဖီဆိုင်ရဲ့ အတွင်းပိုင်းအပြင်အဆင်များကို မှတ်တမ်း ဓာတ်ပုံတွေနဲ့ တိုက်ဆိုင်စစ်ဆေးခဲ့ရာ နေရာမှန်ကန်ကြောင်း အတည်ပြုနိုင်ခဲ့ပါတယ်။
ဖေဖော်ဝါရီ ၂၈ ရက်မှာ အမေရိကန်နဲ့အစ္စရေးတို့က အီရန်ကို စတင်တိုက်ခိုက်ခဲ့ပြီးနောက်ပိုင်း နေ တန်ယာဟုဟာ အီရန်ဒုံးကျည်တွေ ကျရောက်ခဲ့တဲ့ မြို့အနည်းဆုံး နှစ်မြို့အပြင် ဆေးရုံ၊ ဆိပ်ကမ်းနဲ့ စစ် အခြေစိုက်စခန်းတွေကို သွားရောက်ခဲ့သော်လည်း မီဒီယာများကို လိုက်ပါခွင့်ပြုခြင်း မရှိသလောက် နည်း ပါးခဲ့ပြီး ဗီဒီယိုမှတ်တမ်းများကို ၎င်း၏ရုံးကသာ တိုက်ရိုက်ထုတ်ပြန်ပေးခဲ့ပါတယ်။
အစ္စရေးမီဒီယာတွေကို အင်တာဗျူးပေးလေ့မရှိသလို သတင်းစာရှင်းလင်းပွဲတွေလည်း ပြုလုပ် လေ့မရှိတဲ့ နေတန်ယာဟုက စစ်ပွဲစတင်ချိန်မှစ၍ ပထမဆုံးအကြိမ်အဖြစ် ပြီးခဲ့တဲ့
ကြာသပတေးနေ့က အွန်လိုင်းမှတစ်ဆင့် သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့ပါတယ်။
စစ်ပွဲစတင်ချိန်မှစ၍ အစ္စရေးနိုင်ငံမှာ အရေးပေါ် ဘေးကင်းလုံခြုံရေးဆိုင်ရာ ကန့်သတ်ချက်တွေ ထုတ်ပြန်ထားရာ လူစုလူဝေးပြုလုပ်ခြင်းကို ပိတ်ပင်ထားပြီး ပြည်သူအများစုကိုလည်း နေအိမ်များတွင် သာ နေထိုင်ရန် သို့မဟုတ် ဗုံးခိုကျင်းတွေနဲ့ ဘေးကင်းလုံခြုံသော အခန်းများအနီးတွင်သာ ရှိနေကြဖို့ ညွှန် ကြားထားပြီး နိုင်ငံတစ်ဝန်းရှိ ကျောင်းအများစုကိုလည်း ပိတ်ထားဆဲဖြစ်ပါတယ်။
ကိုးကား – Reuters
Ref; Netanyahu posts video in response to Iran rumours that he is dead