ဧရာဝတီတိုင်းမ်
မတ် ၁၅ ရက်

အီရန်နိုင်ငံရဲ့ သန့်စင်ပြီး ယူရေနီယံတွေကို ရုရှားသို့ ရွှေ့ပြောင်းဖို့ ရုရှားသမ္မတ ဗလာဒီမာပူတင်ရဲ့ ကမ်းလှမ်းချက်ကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပယ်ချလိုက်တယ်လို့ အမေရိကန်သတင်းဌာန Axios က ဖော်ပြပါတယ်။

အဆိုပါအဆိုပြုချက်ဟာ အီရန်အပေါ် အမေရိကန်-အစ္စရေး စစ်ဆင်ရေးအဆုံးသတ်ဖို့ သဘောတူ ညီချက်တစ်ရပ်ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တယ်လို့ Axios က ဆိုပါတယ်။ ပူတင်က တနင်္လာနေ့က ဒေါ်နယ်ထရမ့်နဲ့ ဖုန်းပြောဆိုချိန်မှာ ကမ်းလှမ်းမှုပြုလုပ်ခဲ့တာလို့ သတင်း ရင်းမြစ်တွေကို ကိုးကားပြီး Axios က ပြောပါတယ်။

အမေရိကန်နဲ့ အစ္စရေးက အီရန်အပေါ် လေကြောင်းတိုက်ခိုက်မှုတွေ မလုပ်ဆောင်မီ ရုရှားက အလားတူ ကမ်းလှမ်းမှုတစ်ခု ပြုလုပ်ခဲ့တယ်လို့ သတင်းက ဖော်ပြပါတယ်။အီရန်နိုင်ငံ နျူကလီး ယားလက်နက်တွေ မပိုင်ဆိုင်ရေးဟာ လက်ရှိ စစ်ဆင်ရေးတွေရဲ့ အဓိက မစ်ရှင်တစ်ခုလို့ အမေရိကန် အစိုးရက ပြောကြားထားပါတယ်။

အီရန်ရဲ့ သန့်စင်ပြီး ယူရေနီယံတွေကို သိမ်းယူဖို့ အမေရိကန်အစိုးရက တပ်ဖွဲ့တွေ စေလွှတ်နိုင် တယ်လို့ မီဒီယာသတင်းတွေမှာ ဖော်ပြပါတယ်။

အီရန်နိုင်ငံ ဘယ်တော့မှ နျူကလီးယားလက်နက် မပိုင်ဆိုင်ရေး အမေရိကန်နိုင်ငံက လုပ်ဆောင် နေတယ်လို့ ကာကွယ်ရေးဝန်ကြီး Pete Hegseth က ပြောပါတယ်။

ကိုးကား – NHK
Ref; Trump reportedly rejects offer from Putin to move Iran’s uranium to Russia