ဧရာဝတီတိုင်းမ်
မတ် ၁၅ ရက်

 

ဟော်မုဇ်ရေလက်ကြား ပိတ်ဆို့မှုကြောင့် ဘေးသင့်တဲ့တိုင်းပြည်တွေအနေနဲ့ အရေးပါတဲ့ ရေနံ တင်ပို့မှု လမ်းကြောင်းဖြစ်တဲ့ အဆိုပါရေလက်ကြားသို့ စစ်သင်္ဘောတွေ စေလွှတ်ဖို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က တိုက်တွန်းနေပါတယ်။

 

ဟော်မုဇ်ရေလက်ကြား ဘေးကင်းစေရေး နိုင်ငံအများအပြားက အမေရိကန်နိုင်ငံနဲ့ လက်တွဲ ဆောင်ရွက် မယ်လို့ ဒေါ်နယ်ထရမ့်က စနေနေ့က လူမှုကွန်ရက်မှာ ရေးသားခဲ့ပြီး တရုတ်၊ ပြင်သစ်၊ ဂျပန်၊ တောင်ကိုရီးယားနဲ့ ဂျပန်တို့က ပူးပေါင်းကြဖို့ မျှော်လင့်တယ်လို့ ဆိုပါတယ်။

အမေရိကန်နိုင်ငံဟာ ဟော်မုဇ်ရေလက်ကြားကို ထိန်းချုပ်နိုင်ဖို့ တရုတ်နိုင်ငံကိုပင် တောင်းပန်နေ ရပြီလို့ အီရန် နိုင်ငံခြားရေးဝန်ကြီး အာရတ်ချီက လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။ အမေရိကန်နဲ့ အစ္စရေးတို့က စစ်ဆင်ရေးတွေ ချက်ချင်း ရပ်ဆိုင်းဖို့ တရုတ်နိုင်ငံက တောင်းဆို လိုက်ပါတယ်။

 

“ပြည်ပကျူးကျော်သူတွေကို မောင်းထုတ်ဖို့ ညီရင်းအစ်ကို အိမ်နီးချင်းတွေကို အီရန်နိုင်ငံက တောင်းဆို ပါတယ်” လို့ အာရတ်ချီက ရေးသားခဲ့ပါတယ်။

 

အမေရိကန်တပ်ဖွဲ့တွေ အရပ်သား အဆောက်အအုံတွေမှာ ပုန်းအောင်းလျက်ရှိရာ ယူအေအီးနိုင် ငံရှိ ဆိပ်ကမ်းဧရိယာ (၃) ခုမှ ဒေသခံတွေ ဘေးလွတ်ရာရွှေ့ပြောင်းကြဖို့ အီရန်နိုင်ငံက သတိပေးခဲ့ပါတယ်။

 

အီရန်ဘဏ်နှစ်ခုအပေါ် တိုက်ခိုက်မှုတွေအတွက် လက်တုံ့ပြန်မှုအဖြစ် အရှေ့အလယ်ပိုင်းရှိ အ မေရိကန်ဘဏ်ခွဲနှစ်ခုကို တိုက်ခိုက်ခဲ့တယ်လို့ အီရန် တော်လှန်ရေးအစောင့်တပ်ဖွဲ့က ပြောပါတယ်။

ကိုးကား – NHK
Ref; Trump wants nations to send military vessels to Hormuz Strait