ဧရာဝတီတိုင်းမ်
မတ် ၁၄ ရက်
အီရန်နိုင်ငံ ကျောထောက်နောက်ခံ ရှီးယားမူဆလင်အဖွဲ့ ဟဇ်ဘိုလာနဲ့ အစ္စရေးစစ်တပ်တို့ တိုက် ခိုက်မှုတွေ အပြန်အလှန်ပြုလုပ်ခဲ့ပါတယ်။
အဆိုပါတိုက်ခိုက်မှုတွေဟာ အစ္စရေးနဲ့ အိမ်နီးချင်း လက်ဘနွန်နိုင်ငံမှာ ဖြစ်ပွားခဲ့တာလို့ သိရပါ တယ်။
လက်ဘနွန်နိုင်ငံမှာ အခြေစိုက်တဲ့ ဟဇ်ဘိုလာအဖွဲ့ဟာ အီရန်အဓိပတိ အယာတိုလာခါမေနီ သုတ်သင်ခံရမှုအတွက် လက်တုံ့ပြန်မှုအဖြစ် အစ္စရေးနိုင်ငံမြောက်ပိုင်းကို တိုက်ခိုက်ခဲ့ပါတယ်။
အစ္စရေးနိုင်ငံကလည်း လက်ဘနွန်နိုင်ငံတစ်ဝှမ်းရှိ ဟဇ်ဘိုလာအဖွဲ့နဲ့ပတ်သက်တဲ့ အဆောက်အ အုံတွေ၊ ပစ်မှတ်တွေကို တိုက်ခိုက်ခဲ့ပါတယ်။
အင်အားအများအပြားပါဝင်တဲ့ မြေပြင်စစ်ဆင်ရေးတစ်ရပ် လုပ်ဆောင်မယ်လို့ အစ္စရေး ကာ ကွယ်ရေးဝန်ကြီး အစ္စရေးကတ်ဇ်က အရိပ်အမြွက်ပြောကြားခဲ့ပါတယ်။
“ဟဇ်ဘိုလာအဖွဲ့ကို ဘယ်လိုထိန်းချုပ်ရမလဲဆိုတာ လက်ဘနွန်အစိုးရက မသိရင် အရေးယူမယ် ဆိုတာ ကျွန်တော် လက်ဘနွန်သမ္မတကို သတိပေးပါတယ်” လို့ ၎င်းက ပြောကြားခဲ့ပါတယ်။
ကြာသပတေးနေ့အထိ အစ္စရေးရဲ့ တိုက်ခိုက်မှုတွေကြောင့် လူ ၆၈၇ ဉီး သေဆုံးကာ ၁၇၇၄ ဉီး ဒဏ်ရာရရှိခဲ့တယ်လို့ လက်ဘနွန်အာဏာပိုင်တွေက ပြောပါတယ်။
အစ္စရေးရဲ့ တိုက်ခိုက်မှုတွေကြောင့် လက်ဘနွန်နိုင်ငံတစ်ဝှမ်း လူပေါင်း ၈၁၀၀၀၀ ကျော် စစ်ဘေး ရှောင်ခဲ့ရတယ်လို့ လက်ဘနွန်အာဏာပိုင်တွေက ဆိုပါတယ်။
ကိုးကား – NHK
Ref; Hezbollah and Israeli forces trade strikes