ဧရာဝတီတိုင်းမ်
မတ် ၁၄ ရက်

အမေရိကန်နဲ့အစ္စရေးကို လက်စားချေဖို့ အီရန်ဥသျှောင်သစ် မိုတာဘာခါမေနီက ကတိပြုခဲ့ပြီး ရန် သူကို ဖိအားပေးတဲ့ လက်နက်တစ်ခုအဖြစ် ဟော်မုဇ်ရေလက်ကြားကို ပိတ်ထားမယ်လို့ ပြောပါတယ်။

အီရန်ပြည်သူတွေဟာ ရွေးချယ်စရာမရှိတာကြောင့် ဆက်ပြီး တိုက်ပွဲဝင်ရမှာဖြစ်ကြောင်း၊ အမေရိ ကန်နိုင်ငံဟာ ဒေသတွင်းရှိ စစ်ဘက်စခန်းတွေကို ပိတ်ထားရမှာဖြစ်ပြီး မဟုတ်ပါက တိုက်ခိုက်မှုတွေ ရင် ဆိုင်ရမယ်လို့ သူက ဆိုပါတယ်။

ပါရှားပင်လယ်ကွေ့အတွင်း မာရှယ်ကျွန်းစုအလံလွှင်ပြီး မောင်းနှင်တဲ့ အမေရိကန်ပိုင် ရေနံတင် သင်္ဘောတစ်စင်းကို တိုက်ခိုက်ခဲ့တယ်လို့ အစ္စလာမ္မစ် တော်လှန်ရေးအစောင့်တပ်ဖွဲ့က ပြောပါတယ်။

အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့၊ ဒုံးကျည်နဲ့ ဒရုန်းတွေ ထုတ်လုပ်ရာနေရာတွေ အပါအဝင် ပစ် မှတ် ၆၀၀၀ ကျော်ကို တိုက်ခိုက်ခဲ့ရာ မိုင်းရှင်းသင်္ဘော ၃၀ ခန့် အပါအဝင် စစ်သင်္ဘော ၉၀ ကို ဖျက်ဆီးခဲ့ တယ်လို့ အမေရိကန်စစ်တပ်က ပြောပါတယ်။

ခါမေနီဟာ လူထုကို မျက်နှာမပြရဲကြောင်း၊ အကြမ်းဖက်အဖွဲ့အစည်းတွေရဲ့ ခေါင်းဆောင်တွေအ တွက် အသက်အာမခံ မူဝါဒတွေ မထုတ်ပြန်ကြောင်း အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက ပြောပါတယ်။

ရေနံမြေတစ်ခုသို့ ဉီးတည်လာတဲ့ ဒရုန်းအများအပြားကို ဖျက်ချခဲ့တယ်လို့ ဆော်ဒီအာရေးဘီးယား ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

ပြည်ပသံရုံးတွေတည်ရှိရာ ရိယဒ်မြို့တော်ရှိ ခရိုင်တစ်ခုမှာ ဒရုန်းတစ်စင်းကို ပစ်ချခဲ့တယ်လို့ အ ဆိုပါဝန်ကြီးဌာနက ဆိုပါတယ်။

လူနေဧရိယာတစ်ခုအပေါ် ဒရုန်းဖြင့်တိုက်ခိုက်မှုကြောင့် လူနှစ်ဉီး ဒဏ်ရာရရှိခဲ့ပြီး အပြည်ပြည် ဆိုင်ရာလေဆိပ်တစ်ခုလည်း ဒရုန်းဖြင့် တိုက်ခိုက်ခံခဲ့ရတယ်လို့ ကူဝိတ် ကာကွယ်ရေးဝန်ကြီးဌာနက ပြော ပါတယ်။

ကိုးကား – NHK
Ref; Iran’s new supreme leader vows revenge on US and Israel