ဧရာဝတီတိုင်းမ်
မတ် ၁၃ ရက်
အီရန်နိုင်ငံနဲ့ပဋိပက္ခဟာ အလွန်လျင်မြန်စွာ တိုးတက်ဖြစ်ပေါ်နေတယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားခဲ့ပြီး အရှေ့အလယ်ပိုင်းဒေသမှာ အမေရိကန်ရဲ့ စစ်ဆင်ရေးတွေ ဆက်လက် လုပ်ဆောင်နေစဉ် အမေရိကန်စစ်တပ်ရဲ့ အင်အားတောင့်တင်းမှုကို ချီးကျူးလိုက်ပါတယ်။
အမေရိကန်တပ်ဖွဲ့တွေဟာ အစွမ်းကုန် စွမ်းဆောင်နေပြီး အီရန်အစိုးရအပေါ် အမေရိကန်နိုင်ငံအ နေနဲ့ ပြတ်သားသော အရေးယူဆောင်ရွက်မှုတွေ လုပ်ဆောင်နေတယ်လို့ ၎င်းက ပြောပါတယ်။
အမေရိကန်နိုင်ငံရဲ့ အရေးယူဆောင်ရွက်မှုတွေဟာ ယခင်အစိုးရအဆက်ဆက်က ဆယ်စုနှစ်ချီ မ ဖြေရှင်းနိုင်ခဲ့တဲ့ ပြဿနာတွေကို ဖြေရှင်းနေခြင်းဖြစ်တယ်လို့ သူက ဆိုပါတယ်။
“ကျွန်တော်တို့ဟာ လုပ်သင့်လုပ်ထိုက်တာတွေကို လုပ်ဆောင်နေတာပါ။ ဒါဟာ လွန်ခဲ့တဲ့ ၄၇ နှစ် တာကာလအတွင်းကတည်းက လုပ်ဆောင်ခဲ့သင့်တဲ့ အရာတွေဖြစ်ပါတယ်” လို့ ဒေါ်နယ်ထရမ့်က ဆက် ပြောပါတယ်။
ဒေါ်နယ်ထရမ့်က အီရန်ခေါင်းဆောင်ပိုင်းကိုလည်း ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပြီး၊ အီရန်နိုင်ငံဟာ အကြမ်းဖက်မှုတွေကို ထောက်ပံ့နေကာ ဒေသတွင်း တည်ငြိမ်မှုကို ပျက်ပြားအောင် လုပ်ဆောင်နေတယ် လို့ စွပ်စွဲလိုက်ပါတယ်။
“အီရန်ဟာ တကယ်တော့ အကြောက်တရားနဲ့ မုန်းတီးမှုတွေကို ဖော်ဆောင်နေတဲ့ နိုင်ငံတစ်ခုပါ ပဲ။ အခုဆိုရင် အီရန်ဟာ အဲဒီအတွက် ကြီးလေးတဲ့ တန်ဖိုးကို ပေးဆပ်နေရပြီ ဖြစ်ပါတယ်” လို့ ပြောပါ တယ်။
ဒေါ်နယ်ထရမ့်ရဲ့ ယခုမှတ်ချက်ဟာ ဖေဖော်ဝါရီ ၂၈ ရက်တွင် စတင်ခဲ့တဲ့ အီရန်အပေါ် အမေရိကန် -အစ္စရေး ပူးပေါင်းစစ်ဆင်မှုတွေကြောင့် အရှေ့အလယ်ပိုင်းဒေသမှာ တင်းမာမှုများ အထူးမြင့်တက်နေချိန် တွင် ထွက်ပေါ်လာတာပါ။
အဆိုပါစစ်ဆင်ရေးဟာ အီရန် စစ်ဘက်ဆိုင်ရာ အခြေခံအဆောက်အအုံတွေကို တိုက်ခိုက်ခဲ့ပြီး လက်ရှိကမ္ဘာ့စွမ်းအင်ဈေးကွက်ကိုပါ ရိုက်ခတ်စေတဲ့ ဒေသတွင်း ပဋိပက္ခအသွင် ကျယ်ပြန့်လာခဲ့ပါတယ်။
ဒေါ်နယ်ထရမ့်က ၎င်းရဲ့ ပထမသက်တမ်းအတွင်း အမေရိကန်စစ်တပ်ကို ပြန်လည်တည်ဆောက် ခဲ့မှုကြောင့် ရရှိလာတဲ့ ရေရှည်အကျိုးကျေးဇူးများတွေလည်း ထည့်သွင်းပြောကြားခဲ့ပါတယ်။
ကိုးကား – India Today
Ref; Trump says Iran paying a big price as conflict moves very rapidly