ဧရာဝတီတိုင်းမ်
မတ် ၁၂ ရက်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်နိုင်ငံအပေါ် ဆင်နွှဲနေတဲ့ စစ်ဆင်ရေးမှာ များစွာ အောင်မြင်မှု ရရှိနေပြီလို့ အရိပ်အမြွက် ပြောကြားလိုက်ပါတယ်။
ဗုဒ္ဓဟူးနေ့က အမေရိကန် သတင်းဌာနတစ်ခုဖြစ်တဲ့ Axios နဲ့ ဖုန်းဖြင့်အင်တာဗျူးမှာ ဒေါ်နယ်ထ ရမ့်က အဆိုပါ စစ်ဆင်ရေးဟာ “မကြာမီ” ပြီးဆုံးတော့မည်ဖြစ်ကြောင်း၊ အကြောင်းမှာ အီရန်နိုင်ငံအတွင်း တိုက်ခိုက်ဖျက်ဆီးဖို့ ပစ်မှတ်ဟူ၍ လက်တွေ့တွင် ဘာမျှမကျန်တော့သလောက် ဖြစ်နေသောကြောင့်ဖြစ် ကြောင်း ပြောကြားခဲ့ပါတယ်။
အီရန်နိုင်ငံ၊ တီဟီရန်မြို့အရှေ့ပိုင်းတွင် လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးသွားတဲ့ အခြေအနေတွေကို အီရန်လခြမ်းနီအသင်းက အင်္ဂါနေ့တွင် ရုပ်သံဖိုင်တစ်ခု ထုတ်ပြန်ခဲ့ပါတယ်။
အဆိုပါတိုက်ခိုက်မှုမှာ အစ္စရေးရဲ့ လက်ချက်ဖြစ်ပြီး အနည်းဆုံး လူ ၆ ဦး သေဆုံးကာ အများအ ပြား ဒဏ်ရာရရှိခဲ့ကြောင်း ၎င်းအဖွဲ့က ပြောကြားထားပါတယ်။
အီရန်၏ အဓိကခေါင်းဆောင်သစ်ဖြစ်သူ မိုတာဘာခါမေနီရဲ့ လက်ရှိအခြေအနေနှင့် ပတ်သက်ပြီး သံသယများ ပိုမိုမြင့်တက်လာပါတယ်။
နယူးယောက်တိုင်းမ်သတင်းစာက အီရန်အရာရှိတွေကို ကိုးကားဖော်ပြချက်အရ မိုတာဘာခါမေ နီဟာ တိုက်ခိုက်မှုစတင်တဲ့နေ့မှာ ခြေထောက်ဒဏ်ရာ အပါအဝင် အခြားဒဏ်ရာတွေ ရရှိခဲ့တယ်လို့ သိရပါ တယ်။
အစ္စရေးကာကွယ်ရေးဝန်ကြီး အစ္စရေးလ်ကတ်ဇ်က အစ္စရေးရဲ့ စစ်ရေးဗျူဟာကို ထပ်လောင်းအ တည်ပြုလိုက်ပြီး “ဒီစစ်ဆင်ရေးဟာ အချိန်ကန့်သတ်ချက်မရှိဘဲ လိုအပ်သလောက် ဆက်သွားမှာဖြစ်ပြီး ရည်မှန်းချက်အားလုံးအောင်မြင်ပြီး စစ်ပွဲကို အနိုင်ရတဲ့အထိ ဆက်လက်လုပ်ဆောင်သွားမယ်” လို့ ပြောပါ တယ်။
ဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက အနာဂတ်ဆိုသည်မှာ အဆုံးစွန်အားဖြင့် အီရန်ပြည်သူ များအပေါ်တွင်သာ မူတည်ပြီး ဖိနှိပ်ချုပ်ချယ်မှုများမှ လွတ်မြောက်အောင် ဆောင်ရွက်ရန်မှာ ပြည်သူများ အပေါ်တွင်သာ မူတည်တယ်လို့ ဆိုပါတယ်။
ဝါရှင်တန်ရှိ သတင်းထောက်တွေနဲ့တွေ့ဆုံစဉ် ဒေါ်နယ်ထရမ့်က အီရန် ရေမိုင်းချသင်္ဘောအများစု ကို အမေရိကန်တပ်ဖွဲ့များက ဖျက်ဆီးနိုင်ခဲ့ပြီဖြစ်ကြောင်း၊ ရေနံကုမ္ပဏီများအနေနဲ့ အဆိုပါ ရေလမ်း ကြောင်းကို ပြန်လည်အသုံးပြုသင့်ကြောင်း တိုက်တွန်းခဲ့သည်။
ကိုးကား – NHK
Ref; Media: Trump says will end conflict when he wants to