ဧရာဝတီတိုင်းမ်
မတ် ၁၂ ရက်
အမေရိကန်စစ်တပ်ဟာ THAAD လို့ခေါ်တဲ့ ဒုံးကျည်ကာကွယ်ရေးစနစ်ကို တောင်ကိုရီးယားနိုင်ငံ မှ အီရန်ကို စစ်ဆင်ရေး ဆောင်ရွက်လျက်ရှိရာ အရှေ့အလယ်ပိုင်းဒေသသို့ ရွှေ့ပြောင်းနေတယ်လို့ The Washington Post သတင်းစာက ဖော်ပြပါတယ်။
THAAD ဒုံးဖျက်စနစ်အချို့ ရွှေ့ပြောင်းနေကြောင်း တာဝန်ရှိသူနှစ်ဉီးကို ကိုးကားပြီး အမေရိကန် နိုင်ငံအခြေစိုက် The Washington Post သတင်းစာက ဖော်ပြပါတယ်။
အမေရိကန်စစ်တပ်ဟာ မြောက်ကိုရီးယားမှ ဒုံးကျည်တွေရဲ့ရန်ကို ခုခံဖို့ တောင်ကိုရီးယားနိုင်ငံမှာ THAAD ဒုံးခွင်းစနစ် ဖြန့်ကြက်ထားတာပါ။
ယခုလုပ်ရပ်ဟာ အီရန်နိုင်ငံက လက်တုံ့ပြန်တိုက်ခိုက်မှုတွေ တစ်ဖြည်းဖြည်း အရှိန်မြှင့်လာပါက ကြိုတင်ပြင်ဆင်ဖို့ဖြစ်တယ်လို့ သိရပါတယ်။
အမေရိကန်တပ်ဖွဲ့တွေဟာ ပက်ထရီးယော့ လေကြောင်းရန် ကာကွယ်ရေးစနစ်ကို တောင်ကိုရီး ယားနိုင်ငံပြင်ပသို့ ရွှေ့ပြောင်းလိုက်ပြီလို့ တောင်ကိုရီးယားသတင်းစာ JoongAng Ilbo က ဖော်ပြပါတယ်။
တောင်ကိုရီးယားနိုင်ငံက အမေရိကန်ရဲ့အစီအစဉ်ကို ကန့်ကွက်ခဲ့ပေမယ့် တောင်ကိုရီးယားရဲ့အ မြင်တွေကို လက်သင့်မခံခဲ့ဖူးလို့ သမ္မတ လီဂျေမြောင်က အင်္ဂါနေ့မှာ အစိုးရအဖွဲ့ အစည်းအဝေးမှာ ပြော ကြားခဲ့ပါတယ်။
တောင်ကိုရီးယားရဲ့ မြောက်ကိုရီးယားရန်ကို ကာကွယ်နိုင်စွမ်း ချိနဲ့လာတဲ့အပေါ် ပြည်သူတွေက စိုးရိမ်ကြောင်း ထုတ်ဖော်ပြောကြပါတယ်။
THAAD ဒုံးဖျက်စနစ်အတွက် အစားထိုး ဒုံးကျည်ကာကွယ်ရေးစနစ်တွေ မရှိဘူးလို့ တောင်ကိုရီး ယားနိုင်ငံပိုင်သတင်းဌာန Yonhap က ဖော်ပြပါတယ်။
ကိုးကား – NHK
Ref; Report: US redeploys THAAD system from South Korea to Middle East