ဧရာဝတီတိုင်းမ်
မတ် ၁၂ ရက်
သြစတြေးလျနိုင်ငံဟာ ပင်လယ်ကွေ့ဒေသသို့ တာဝေးသွား စစ်ဘက်လေယာဉ်တစ်စင်းနဲ့ ဒုံး ကျည်တွေ ဖြန့်ကြက်မယ်လို့ ဝန်ကြီးချုပ် အန်ထော်နီအယ်လ်ဘာနိစ်က ပြောကြားခဲ့ပြီး အဆိုပါလုပ်ရပ် ဟာ လက်ရှိပဋိပက္ခအတွင်း သူ့နိုင်ငံသားတွေကို ကာကွယ်ပေးဖို့ ရည်ရွယ်တယ်လို့ ဆိုပါတယ်။
သြစတြေးလျနိုင်ငံဟာ တာဝေး ကင်းထောက်လှမ်းမှု ဆောင်ရွက်ဖို့နဲ့ ပင်လယ်ကွေ့ဒေသရှိ လေ ပိုင်နက် ဘေးကင်းစေဖို့ E-7A ကင်းလှည့်လေယာဉ်တစ်စင်း စေလွှတ်မယ်လို့ အယ်လ်ဘာနိစ်က ကင်ဘာ ရာမြို့မှာ သတင်းထောက်တွေကို ပြောပါတယ်။
“ပင်လယ်ကွေ့နိုင်ငံတွေရဲ့ စုပေါင်း ကာကွယ်ရေးကို ထောက်ခံမှုအဖြစ် သြစတြေးလျတပ်ဖွဲ့ဝင် တွေကို လေးပတ်ကြာ စေလွှတ်မှာဖြစ်ပါတယ်” လို့ ၎င်းက ဆိုပါတယ်။
ယူအေအီးသမ္မတ ဇာယက်အယ်လ်နာယန်နဲ့ ဆွေးနွေးမှုအပြင် ဒေသတွင်း မိတ်ဖက်နိုင်ငံတွေရဲ့ တောင်းဆိုချက်အရ အခုလို ဆုံးဖြတ်ရတာလို့ သူက ဆက်ပြောပါတယ်။
သြစတြေးလျနိုင်ငံက ယူအေအီးနိုင်ငံသို့ တာလတ်ဝေဟင်-ဝေဟင်ခွင်းဒုံးကျည်တွေ ထောက်ပံ့ ပေးဖို့ ရည်ရွယ်တယ်လို့ အယ်လ်ဘာနိစ်က ပြောပါတယ်။
အရှေ့အလယ်ပိုင်း ပဋိပက္ခဟာ ပြီးခဲ့တဲ့အပတ်အတွင်း အရှိန်မြှင့်လာခဲ့ပြီး ဒေသတွင်း တိုင်းပြည် တွေဟာ ဒုံးကျည်တွေနဲ့ ဒရုန်းခြိမ်းခြောက်မှုတွေ ရင်ဆိုင်နေရတယ်လို့ ၎င်းက ထောက်ပြပါတယ်။
ယူအေအီးနိုင်ငံက ဒုံးကျည်နဲ့ဒရုန်းအစင်း ၁၅၀၀ ကျော်ကို ကြားဖြတ်ဖျက်ဆီးနိုင်ခဲ့တယ်လို့ သူက ဆိုပြီး တိုက်ခိုက်မှုတွေဟာ အရပ်သားတွေရဲ့ အသက်အိုးအိမ်ကို အန္တရာယ်ဖြစ်စေတယ်လို့ သတိပေးပါ တယ်။
“ယူအေအီးနိုင်ငံမှာ သြစတြေးလျနိုင်ငံသား ၂၀၀၀၀ နဲ့ အရှေ့အလယ်ပိုင်းဒေသမှာ ၁၁၅၀၀၀ ကျော် နေထိုင်ပါတယ်။ ပြည်ပရောက် သြစတြေးလျနိုင်ငံသားတွေကို ကာကွယ်ပေးတာဟာ အစိုးရရဲ့ ထိပ်တန်းဉီးစားပေးပါ” လို့ ၎င်းက ဆက်ပြောပါတယ်။
သြစတြေးလျအစိုးရဟာ အီရန်ကို ထိုးစစ်ဆင်မှု ပြုလုပ်မှာ မဟုတ်သလို မြေပြင်တပ်ဖွဲ့တွေ မစေ လွှတ်ဖူးလို့ အယ်လ်ဘာနိစ်က ရှင်းပြပါတယ်။
အီရန်ဥသျှောင် အယာတိုလာခါမေနီ၊ ကျောင်းသူ ၁၅၀ ကျော်နဲ့ စစ်ဘက်အရာရှိတွေ အပါအဝင် လူ ၁၂၅၀ ကျော် သေဆုံးစေခဲ့တဲ့ အီရန်စစ်ဆင်ရေးကို အမေရိကန်နဲ့အစ္စရေးက ဖေဖော်ဝါရီလ ၂၈ ရက်မှာ စတင်ပြီးနောက် ဒေသတွင်း တင်းမာမှုတွေ အရှိန်မြှင့်လာခဲ့ပါတယ်။
အီရန်နိုင်ငံကလည်း ဒေသတွင်းရှိ အမေရိကန် စစ်ဘက်စခန်းတွေ၊ သံတမန်အဆောက်အအုံတွေ နဲ့ တပ်ဖွဲ့ဝင်တွေအပြင် အစ္စရေးနိုင်ငံရှိ မြို့ကြီးတွေကို တိုက်ခိုက်ပြီး လက်တုံ့ပြန်ခဲ့ပါတယ်။
ကိုးကား – Anadolu
Ref; Australia to deploy long-range military plane, missiles to Gulf amid Mideast tension