ဧရာဝတီတိုင်းမ်
မတ် ၁ ရက်

အီရန်ခေါင်းဆောင်ကြီး အယာတိုလာခါမေနီကို သုတ်သင်လိုက်ပြီလို့ အမေရိကန်သမ္မတ ဒေါ် နယ်ထရမ့်က လူမှုကွန်ရက်မှာ ကြေညာလိုက်ပါတယ်။

ဒါဟာ တိုင်းပြည်ကို ပြန်လည်ရယူဖို့ အီရန်ပြည်သူတွေအတွက် တစ်ခုတည်းသော အကြီးမား ဆုံး အခွင့်အရေးဖြစ်တယ်လို့ သူက ဆိုပါတယ်။

ငြိမ်းချမ်းရေး ရည်မှန်းချက် အောင်မြင်ဖို့ လာမယ့်အပတ်တွေအထိ ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက် လက်လုပ်ဆောင်မယ်လို့ ၎င်းက ဆက်ပြောပါတယ်။

အယာတိုလာခါမေနီ သေဆုံးပြီဆိုတဲ့ အစောပိုင်းသတင်းတွေကို အီရန်မီဒီယာတွေက ငြင်းဆိုခဲ့ ပါတယ်။

ရန်သူဟာ စိတ်ဓာတ်စစ်ဆင်ရေး လုပ်ဆောင်နေတာလို့ အယာတိုလာခါမေနီနဲ့ နီးကပ်တဲ့ တာဝန် ရှိသူတစ်ဉီးကို ကိုးကားပြီး အီရန်မီဒီယာတွေက ဖော်ပြပါတယ်။

ခါမေနီ အသုံးပြုခဲ့တဲ့ အဆောက်အအုံတစ်ခု ဆိုးရွားစွာ ပျက်စီးခဲ့တဲ့ ဓာတ်ပုံတစ်ပုံကို The New York Times သတင်းစာက ဖော်ပြခဲ့ပါတယ်။

ခါမေနီဟာ နေထိုင်ဖို့နဲ့ အကြီးတန်းအရာရှိတွေကို လက်ခံတွေ့ဆုံဖို့ အဆိုပါအဆောက်အအုံကို အသုံးပြုခဲ့တယ်လို့ The New York Times က ဆိုပါတယ်။

အီရန်ကို နျူကလီးယားလက်နက် မပိုင်ဆိုင်ရအောင်ဟုဆိုကာ အမေရိကန်နဲ့အစ္စရေးက စစ်ဆင် ရေးတွေ စတင်ခဲ့ပါတယ်။
အီရန်နိုင်ငံက အစ္စရေးကို လက်တုံ့ပြန်မှုအဖြစ် ဒုံးကျည်နဲ့ ဒရုန်းတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ တယ်လို့ အီရန် တော်လှန်ရေးအစောင့်တပ်ဖွဲ့က ပြောပါတယ်။

အီရန်ပြည်နယ်တွေအပေါ် တစ်ရက်တာ တိုက်ခိုက်မှုအတွင်း လူ ၂၀၁ ဉီးထက်မနည်း သေဆုံးခဲ့ တယ်လို့ အီရန်မီဒီယာတွေက ဖော်ပြပါတယ်။

အီရန်က ဘာရိန်းနိုင်ငံရှိ အမေရိကန် ရေတပ်အခြေစိုက်စခန်းတွေ၊ ကာတာနဲ့ ယူအေအီးရှိ အမေ ရိကန် စစ်ဘက်စခန်းတွေကို တိုက်ခိုက်ခဲ့ပါတယ်။

ဘာရိန်းနိုင်ငံရှိ အမေရိကန် အမှတ် ၅ ရေတပ်ဟာ အီရန်ရဲ့ ဒုံးကျည်နဲ့တိုက်ခိုက်မှုကို ခံခဲ့ရတယ် လို့ ဘာရိန်းနိုင်ငံပိုင်မီဒီယာက ဆိုပါတယ်။

ကိုးကား – NHK
Ref; Trump says Iran’s Supreme Leader Khamenei is dead