(တိုက်ခိုက်မှုအတွင်း အီရန်ကာ/ဝန်၊ စစ်ဉီးစီးချုပ်နဲ့ အကြီးတန်းအကြံပေး အပါအဝင် တပ်မှူးများစွာ သေဆုံး)
ဧရာဝတီတိုင်းမ်
မတ် ၁ ရက်
အမေရိကန်နဲ့ အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုတွေအတွင်း အီရန်ဥသျှောင် အလီခါမေနီ သေဆုံး ခဲ့တယ်လို့ အီရန်နိုင်ငံက တနင်္ဂနွေနေ့မှာ အတည်ပြုခဲ့ပြီး ရက် ၄၀ ဝမ်းနည်းခြင်းအထိမ်းအမှတ် ကျင်းပ မယ်လို့ ကြေညာလိုက်ပါတယ်။
အမေရိကန်နဲ့ အစ္စရေးရဲ့ အီရန်နိုင်ငံရှိ အကြီးတန်းခေါင်းဆောင်ပိုင်းနဲ့ စစ်ဘက်အဆောက်အအုံ တွေကို တိုက်ခိုက်မှုအတွင်း အလီခါမေနီ သေဆုံးခဲ့တယ်လို့ အီရန်နိုင်ငံပိုင်မီဒီယာက ဖော်ပြပါတယ်။
တိုက်ခိုက်မှုဖြစ်ပြီးနောက် အဆောက်အအုံ အပျက်အစီးများအောက်မှ ခါမေနီရဲ့အလောင်းကို တွေ့ရှိခဲ့ တယ်လို့ အစ္စရေး အကြီးတန်း တာဝန်ရှိသူတစ်ဉီးက ပြောပါတယ်။

၁၉၈၉ ခုနှစ်ကတည်းက အီရန်နိုင်ငံကို ဿီးဆောင်ခဲ့ပြီး တိုင်းပြည်ရဲ့ စစ်ရေးနဲ့ မဟာဗျူဟာမြောက် ဆုံးဖြတ် ချက်တွေချမှတ်ရမှာ အကြွင်းမဲ့အာဏာရှိသူ အလီခါမေနီကို သုတ်သင်ဖို့ အမေရိကန်နိုင်ငံဟာ အစ္စရေးနဲ့ အနီးကပ် လက်တွဲဆောင်ရွက်ခဲ့တယ်လို့ သမ္မတ ဒေါ်နယ်ထရမ့်က ပြောပါတယ်။
အလီခါမေနီ သေဆုံးပြီဆိုတဲ့ သတင်းတွေထွက်ပေါ်ပြီးနောက် တီဟီရန်နဲ့ အခြားမြို့တွေမှာ ပြည်သူ တွေဟာ လမ်းမတွေပေါ်ထွက်ပြီး အောင်ပွဲခံခဲ့ကြပါတယ်။
အလီခါမေနီ နေထိုင်ရာအဆောက်အအုံကို စစ်ဆင်ရေးအတွင်း ဖျက်ဆီးခဲ့တယ်လို့ အစ္စရေးဝန် ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက ပြောပါတယ်။
အီရန် ကာကွယ်ရေးဝန်ကြီး အဇစ်နာနာဇာဒါ၊ တော်လှန်ရေးအစောင့်တပ်ဖွဲ့ တပ်မှူး မိုဟာမက် ပတ်ပူနဲ့ အခြားအကြီးတန်း စစ်ဘက်အရာရှိတွေလည်း အမေရိကန်နဲ့ အစ္စရေးနဲ့ တိုက်ခိုက်မှုအတွင်း သေဆုံး ခဲ့ပါတယ်။
အကြီးတန်းအကြံပေး အလီရှမ်ခါနီ အပါအဝင် အကြီးတန်းတပ်မှူး ၅ ဦးအပြင် ခါမေနီ မိသားစု ဝင်တွေလည်း တိုက်ခိုက်မှုအတွင်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။
အမေရိကန်ထောက်လှမ်းရေးနဲ့ ခြေရာခံစနစ်တွေဟာ ခါမေနီရဲ့ လှုပ်ရှားမှုတွေကို စောင့်ကြည့်ခဲ့ ပြီး ခါမေနီဟာ စစ်ဆင်ရေးကို ရှောင်ပြေးနိုင်နဲ့ အရည်အချင်းမရှိခဲ့ဘူးလို့ ဒေါ်နယ်ထရမ့်က လူမှုကွန်ရက် Truth မှာ ရေးသားခဲ့ပါတယ်။
ကိုးကား – Reuters
Ref; Iran confirms Khamenei killed in US-Israel strikes, declares 40-day mourning