ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၂၈ ရက်

အမေရိကန်စစ်တပ်ဟာ အီရန်နိုင်ငံမှာ အရေးပါတဲ့ စစ်ဆင်ရေးကို စတင်လိုက်ပြီလို့ သမ္မတ ဒေါ် နယ်ထရမ့်က ပြောကြားလိုက်ပါတယ်။

“ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်က အီရန်အစိုးရရဲ့ ခြိမ်းခြောက်မှုတွေကို အမြစ်ပြတ်ဖယ်ရှားခြင်း အားဖြင့် အမေရိကန်ပြည်သူတွေကို ကာကွယ်ပေးဖို့ဖြစ်ပါတယ်” လို့ ဒေါ်နယ်ထရမ့်က လူမှုကွန်ရက်မှာ မျှဝေခဲ့တဲ့ ရုပ်သံဖိုင်တစ်ခုမှာ ပြောပါတယ်။

အီရန်ရဲ့ နျူကလီးယားနဲ့ စစ်ဘက်အဆောက်အအုံတွေကို ဖျက်ဆီးပစ်မယ်လို့လည်း ၎င်းက ကတိ ပြုခဲ့ပါတယ်။

“အီရန်နိုင်ငံ နျူကလီးယားလက်နက် မပိုင်ဆိုင်ရအောင် ကျွန်တော်တို့ လုပ်ဆောင်ရပါမယ်” လို့ သူက ဆိုပါတယ်။

တီဟီရန်မြို့တော်ရှိ အီရန်အစိုးရကို ဖြုတ်ချကြဖို့ ဒေါ်နယ်ထရမ့်က အီရန်ပြည်သူတွေကို တောင်း ဆိုခဲ့ပါတယ်။ “အီရန်ပြည်သူတွေက အစိုးရကို ဖြုတ်ချကြပါ” လို့ သူက ပြောပါတယ်။

အစ္စရေးရဲ့ တိုက်ခိုက်မှုတွေဟာ အီရန်နိုင်ငံရှိ စစ်ဘက်စခန်းတွေကို ပစ်မှတ်ထားနေတယ်လို့ သ တင်းဌာနတွေက ဖော်ပြပါတယ်။

အီရန်အစိုးရရဲ့ ပစ်မှတ်တွေနဲ့ စစ်ဘက်စခန်းတွေဟာ ပဲ့ထိန်းဒုံးကျည်တွေနဲ့ တိုက်ခိုက်ခံနေရ တယ်လို့ မီဒီယာတွေက ဆိုပါတယ်။

ကိုးကား – DW
Ref; Trump says US launched ‘major combat operations’ against Iran