ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၂၈ ရက်

အာဖဂန်နစ္စတန်နဲ့ ပါကစ္စတန်တပ်ဖွဲ့တွေကြား ကြာသပတေးနေ့ညပိုင်း နယ်စပ်တစ်လျှောက် တိုက်ပွဲတွေကြောင့် လူ ၁၈၀ ဉီးကျော် သေဆုံးခဲ့ပြီလို့ နှစ်ဘက်စလုံးရဲ့ အချက်အလက်တွေအရ သိရပါ တယ်။

ပါကစ္စတန်နိုင်ငံက ပြီးခဲ့တဲ့အပတ်မှာ အာဖဂန်နစ္စတန်ကို လေကြောင်းတိုက်ခိုက်မှုတွေ လုပ် ဆောင်ပြီးနောက် တောင်အာရှနှစ်နိုင်ငံကြား တိုက်ပွဲတွေ ပြင်းထန်လာခဲ့ပါတယ်။

ပါကစ္စတန်တပ်ဖွဲ့တွေက ကဘူးလ်၊ ကန်ဒါဟာနဲ့ ပတ်တီရှာရှိ စစ်ရေးပစ်မှတ်တွေကို ဗုံးကြဲခဲ့တယ် လို့ ပါကစ္စတန်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ မိုရှာရက်ဖ်ဇိုင်ဒီက သောကြာနေ့မှာ လူမှုကွန်ရက် X ၌ ပြော ပါတယ်။

တိုက်ခိုက်မှုတွေကြောင့် တာလီဘန်တိုက်ခိုက်ရေးသမား ၁၃၃ ဉီး သေဆုံးကာ စစ်ဌာနချုပ်တွေ၊ ခဲယမ်းမီးကျောက်တွေ၊ တင့်ကား ၈၀ ကျော်၊ လက်နက်ကြီးတွေနဲ့ သံချပ်ကာယာဉ်တွေ ပျက်စီးခဲ့တယ်လို့ ၎င်းက ဆိုပါတယ်။

လုံခြုံရေးတပ်ဖွဲ့က ပါကစ္စတန်စစ်သား ၅၅ ဉီးကို သုတ်သင်ကာ စစ်အခြေစိုက်စခန်းနှစ်ခုနဲ့ ကာ ကင်း ၁၉ ခုကို သိမ်းပိုက်ခဲ့တယ်လို့ ယာယီ တာလီဘန်အစိုးရက ပြောပါတယ်။

အာဖဂန် အစွန်းရောက်တွေရဲ့ အမာခံနယ်မြေတွေလို့ဆိုတဲ့ နေရာတွေကို ပါကစ္စတန်လေတပ်ဖွဲ့ က ဖေဖော်ဝါရီလ ၂၁ ရက်မှာ ဗုံးကြဲပြီးနောက် နှစ်နိုင်ငံကြား တင်းမာမှုတွေ မြင့်တက်လာခဲ့ပါတယ်။

တိုက်ခိုက်မှုတွေကြောင့် အမျိုးသမီးနဲ့ ကလေးငယ်တွေ အပါအဝင် ဒါဇင်နဲ့ချီ သေဆုံး၊ ဒဏ်ရာရရှိ ခဲ့ပါတယ်။ ပဋိပက္ခ အရှိန်မြှင့်လာမှာကို စိုးရိမ်မှုတွေ ရှိနေပါတယ်။

“ကျွန်တော်တို့ သည်းခံနိုင်စွမ်း ကုန်ဆုံးသွားပါပြီ။ အခု အာဖဂန်နစ္စတန်နဲ့ စစ်ဖြစ်နေပါပြီ” လို့ ပါကစ္စတန် ကာကွယ်ရေးဝန်ကြီး ခွာဝါဂျာအဆစ်ဖ်က လူမှုကွန်ရက် X မှာ ရေးသားခဲ့ပါတယ်။

ကိုးကား – NHK
Ref; Over 180 die in clashes between Afghanistan, Pakistan