ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၂၈ ရက်
မြန်မာနိုင်ငံမြောက်ပိုင်းမှာ အခြေစိုက်တဲ့ နယ်စပ်ဖြတ်ကျော် ငွေလိမ်ဂိုဏ်းကြီးနှစ်ခုကို အလုံးစုံ ဖြိုခွင်းနိုင်ခဲ့ပြီး ဂိုဏ်းဝင် ၁၆ ဦးကို သေဒဏ်ချမှတ်လိုက်တယ်လို့ တရုတ်နိုင်ငံရဲ့ အမြင့်ဆုံးတရားရုံးက ဖေ ဖော်ဝါရီ ၂၆ ရက်မှာ ကြေညာခဲ့ပါတယ်။
မြန်မာနိုင်ငံမြောက်ပိုင်းရှိ ရာဇဝတ်ကွန်ရက်များကို ချုပ်ကိုင်ထားတဲ့ မိသားစုကြီးလေးစုလို့ ခေါ်ဆို တဲ့ အဖွဲ့အစည်းတွေအနက် မြီမိသားစုနဲ့ ပယ်မိသားစုတို့နဲ့ ပတ်သက်တဲ့အမှုတွေအတွက် တရားစီရင်ရေး အပြီးသတ်ခဲ့ပြီလို့ တရုတ်တရားရုံးချုပ် (SPC) က ပြောပါတယ်။
တရားရုံးချုပ် ပြောရေးဆိုခွင့်ရှိသူက အမှုတွေနဲ့ပတ်သက်ပြီး လူပေါင်း ၃၉ ဦးကို တစ်သက်တစ် ကျွန်း သို့မဟုတ် ထိုထက်ပိုသော ပြင်းထန်တဲ့ပြစ်ဒဏ်တွေ ချမှတ်ခဲ့ပြီး ၎င်းတို့အနက် ၁၆ ဦးကို သေဒဏ်ချ မှတ်ခဲ့တယ်လို့ ဆိုပါတယ်။

“ဒီနယ်စပ်ဖြတ်ကျော် လက်နက်ကိုင် ရာဇဝတ်ဂိုဏ်းနှစ်ခုကို လုံးဝဖြိုခွင်းနိုင်ခဲ့တာဟာ ပြည်တွင်း ရော ပြည်ပမှာပါရှိတဲ့ ရာဇဝတ်ကောင်တွေရဲ့ မောက်မာမှုကို အပြင်းအထန် ထိုးနှက်လိုက်တာဖြစ်ပါ တယ်” သူက ဆက်ပြောပါတယ်။
ဇန်နဝါရီ ၂၉ ရက်နဲ့ ဖေဖော်ဝါရီ ၂ ရက်မှာ တရုတ်အာဏာပိုင်တွေဟာ အဆိုပါရာဇဝတ်ဂိုဏ်းများမှ အဓိကခေါင်းဆောင်တွေအပါအဝင် ပြစ်မှုထင်ရှားသူတွေကို ကွပ်မျက်ခဲ့ကြောင်း တရုတ်အစိုးရက ထုတ် ပြန်ထားပါတယ်။
၂၀၂၅ ခုနှစ်ကုန်ပိုင်းထိ တရုတ်နိုင်ငံတစ်ဝန်း တရားရုံးတွေမှာ မြန်မာနိုင်ငံမြောက်ပိုင်းနဲ့ ဆက်စပ် နေတဲ့ လိမ်လည်မှုအမှုပေါင်း ၂၇,၀၀၀ ကျော်ကို အပြီးသတ် စီရင်ချက်ချမှတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။
အဲဒီအမှုတွေနဲ့ပတ်သက်ပြီး ပြန်လည်ပို့ဆောင်ခံရသူ ရာဇဝတ်သား ၄၁,၀၀၀ ကျော်ကိုလည်း ပြစ် ဒဏ်ချမှတ်ထားပြီးပြီလို့ တရားရုံးချုပ်က ထပ်လောင်းပြောကြားခဲ့ပါတယ်။
အရှေ့တောင်အာရှ အထူးသဖြင့် မြန်မာနဲ့ ကမ္ဘောဒီးယားနယ်စပ်တွေမှာ လည်ပတ်နေတဲ့ ကျား ဖြန့်လုပ်ငန်းတွေကို တရုတ်နိုင်ငံက အရှိန်အဟုန်မြှင့် ဖြိုခွင်းနေတဲ့ နောက်ဆုံးအဆင့် ဖြစ်ပါတယ်။
အချို့မှာ အဆိုပါကျားဖြန့်လုပ်ငန်းများတွင် ဆန္ဒအလျောက် ပါဝင်နေကြပေမယ့် အချို့မှာ လူကုန် ကူးခံရတဲ့ နိုင်ငံခြားသားတွေဖြစ်ပြီး ၎င်းတို့ကို အဓမ္မ လုပ်ကိုင်စေခြင်းဖြစ်ပါတယ်။
ကိုးကား – CNA
Ref; Two Myanmar-based scam syndicates ‘completely dismantled’, says China’s top court