ရာဝတီတိုင်းမ်
ဖေဖော်ဝါရီလ ၂၈ ရက်

အစ္စရေး ကာကွယ်ရေးဝန်ကြီး အစ္စရေးလ်ခတ်ဇ်ရဲ့ ထုတ်ပြန်ချက်အရ အစ္စရေးက စနေနေ့ အစော ပိုင်းမှာ အီရန်နိုင်ငံကို လက်ဉီးမှုရယူတိုက်ခိုက်မှု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

အစ္စရေးနိုင်ငံက အီရန်နိုင်ငံအပေါ် အစ္စရေးနိုင်ငံအတွက် ခြိမ်းခြောက်မှုတွေကို ဖယ်ရှားပစ်ဖို့ ရည် ရွယ်ချက်နဲ့ လက်ဦးမှုရယူတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တယ်လို့ အစ္စရေး အာဏာပိုင်တွေက ပြောပါ တယ်။

တီဟီရန်မြို့မှာရှိတဲ့ မျက်မြင်သက်သေတွေကလည်း အီရန်မြို့တော်မှာ ပေါက်ကွဲသံနှစ်ချက် ကြားလိုက်ရကြောင်း ပြောပါတယ်။

အခုလို ဖြစ်ရပ်တွေ ဖြစ်လာတာဟာ အမေရိကန်နဲ့ အီရန်ကြား တင်းမာမှုတွေ အထွတ်အထိပ် ရောက်နေချိန်မှာ ဖြစ်ပွားတာပါ။

အထူးသဖြင့် အရှေ့အလယ်ပိုင်းဒေသမှာ အမေရိကန်စစ်တပ်က စစ်အင်အားတွေ တိုးမြှင့်ချထား ပြီး အီရန်ရဲ့ နျူကလီးယားအစီအစဉ်နဲ့ ပတ်သက်ပြီး အမေရိကန်နဲ့ အီရန်ကြား ဆွေးနွေးပွဲတွေကြောင့် တင်းမာမှုတွေ မြင့်တက်နေတာ ဖြစ်ပါတယ်။

အစ္စရေးကာကွယ်ရေးဝန်ကြီး အစ္စရေးလ်ခတ်ဇ်ကတော့ အစ္စရေးတစ်နိုင်ငံလုံးမှာ အရေးပေါ်အ ခြေအနေ ကြေညာဖို့ အမိန့်စာတစ်စောင်ကို လက်မှတ်ရေးထိုးလိုက်ပါတယ်။

ပြည်သူတွေအနေနဲ့ ပြည်ထဲရေးတပ်ဖွဲ့နဲ့ တာဝန်ရှိသူတွေရဲ့ ညွှန်ကြားချက်တွေကို တိတိကျကျ လိုက်နာကြဖို့နဲ့ လုံခြုံတဲ့နေရာတွေမှာပဲ ဆက်လက်နေထိုင်ကြဖို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ကိုးကား – ABC News
Ref; US and Israel launch joint strike in Iran, US official says