ဧရာဝတီတိုင်းမ်
(ရွာငံ)၊ ဖေဖော်ဝါရီ ၂၇ ရက်

 

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရွာငံဒေသတွင် စစ်ကော်မရှင်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲ များမကြာခဏဖြစ်ပွားလျက်ရှိပြီး ဒေသခံများအနေဖြင့် တိုက်ပွဲဇုံများတွင် သတိဝိရိယဖြင့်သွားလာ ကြရန်နှင့် စစ်ကော်မရှင်တပ်ဖွဲ့ဝင်များအနီးတွင် နေထိုင်ခြင်းမပြုရန် အမှတ်-၁၀၀၃ ဓနုPDF ကထုတ်ပြန်ထားသည်။

 

ရွာငံဒေသတွင် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၇ ရက်နေ့ က ဖြစ်ပွားခဲ့သည့် ထိတွေ့တိုက်ပွဲတစ်ခုအတွင်း ပြည်သူကားတစ်စီးမှ ပစ်ခတ်မှုဖြစ်ပွားရာဘက်သို့ ‌ဝင်ရောက်လာသည့်အတွက် စစ်ရေးဖော်ဆောင်မှု ရပ်တန့်ခဲ့ရပြီး စစ်ကော်မရှင် တပ်သား ငါး ဦးထွက်ပြေးလွတ်မြောက်သွားသည့်ဖြစ်စဉ် ရှိခဲ့သည်။

ရွာငံမြို့နယ်တွင် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၈ ရက်နေ့က ကျောက်ငှက်-အုတ်တွင်းလမ်းပိုင်းတွင် ကင်းလှည့်နေသည့် စစ်ကော်မရှင်တပ်ဖွဲ့များကို ဓနုPDFက တိုက်ခိုက်ခဲ့ရာ စစ်ဗိုလ်တစ်ဦးအပါအဝင် ၁၀ ဦးသေဆုံးခဲ့ပြီး နှစ် ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှ်ခဲ့ကြောင်း သိရသည်။

 

ထို့ပြင် လက်နက် ငါး လက်၊ ကျည် ၆၀၀ တောင့်၊ အီနာဂါ တစ် လုံး၊ ဆက်သွယ်ရေးစက်ကြီး တစ် လုံး၊ ကျည်ဘောက် ၁၁ ဘောက် စသည်တို့ကို သိမ်းဆည်းရရှိခဲ့ကြောင်းလည်း သိရသည်။

 

ရွာငံဒေသတွင် တိုက်ပွဲများမကြာခဏဖြစ်ပွား‌နေပြီး ပြီးခဲ့သည့် ဖေဖော် ဝါရီ ၈ ရက်နေ့ကလည်း မျှားကလေးရွာဘက်သို့ စစ်ကြောင်းထိုးလာသည့်စစ်တပ်ကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ ထိခိုကိဒဏ်ရာ ရရှိသူများရှိခဲ့ပြီး လက်နက် နှစ် လက် သိမ်းဆည်းနိုင်ခဲ့ကြောင်းလည်း သိရသည်။

ဓာတ်ပုံ – ဓနုPDF