ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၂၇ ရက်
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်က တောင်ကိုရီးယားနဲ့ ဆွေးနွေးဖို့လမ်းကို အပြီးပိတ် လိုက်ပြီလို့ပြောပြီး သူ့ရဲ့တပ်ဖွဲ့တွေဟာ တောင်ကိုရီးယားကို အမြစ်ပြတ်ဖျက်ဆီး ပစ်နိုင်စွမ်းရှိတယ်လို့ ကြုံးဝါးလိုက်ပါတယ်။
အမေရိကန်နဲ့ ဆွေးနွေးမှုတွေ ဆက်ဖြစ်ဖို့ဆိုရင် ဝါရှင်တန်ဘက်က မြောက်ကိုရီးယားအပေါ် ထား ရှိတဲ့ ရန်လိုတဲ့မူဝါဒတွေကို အရင်ဆုံး စွန့်လွှတ်ရမယ်လို့ သူက ပြောပါတယ်။
“အမေရိကန်က ကျွန်တော်တို့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြဋ္ဌာန်းထားတဲ့အတိုင်း မြောက်ကိုရီး ယားနိုင်ငံကို လေးစားပြီး ရန်လိုတဲ့ မူဝါဒတွေကိုပါ ရုပ်သိမ်းမယ်ဆိုရင် ကျွန်တော်တို့နဲ့ အမေရိကန်ကြား မှာ အဆင်မပြေစရာ အကြောင်းမရှိပါဘူး” လို့ ကင်ဂျုံအန်က ဗုဒ္ဓဟူးနေ့မှာ ပြောကြားခဲ့ပါတယ်။
မြောက်ကိုရီးယား အစိုးရပိုင်သတင်းဌာန (KCNA) ရဲ့ ကြာသပတေးနေ့ ထုတ်ပြန်ချက်အရ ကင်ဂျုံ အန်ဟာ နျူကလီးယားတပ်ဖွဲ့ကို ပိုပြီးအင်အားတောင့်တင်းလာစေဖို့ လက်နက်စနစ်သစ်တွေ ထပ်ပြီး ထုတ်လုပ်ဖို့ တိုက်တွန်းလိုက်ပါတယ်။
ကင်ဂျုံအန်က ရေအောက်ကနေ ပစ်လွှတ်နိုင်တဲ့ တိုက်ချင်းပစ် ဘဲလစ်စတစ်ဒုံးကျည်တွေ (ICBM) ထုတ်လုပ်ဖို့နဲ့ တောင်ကိုရီးယားကို ပစ်မှတ်ထားတိုက်ခိုက်နိုင်တဲ့ အမြောက်တပ်သုံး ဒုံးကျည်တွေ၊ တာတို ပစ်ဒုံးကျည်တွေလိုမျိုး နည်းဗျူဟာမြောက် နျူကလီးယားလက်နက်တွေကိုပါ ပိုပြီးတိုးချဲ့ထုတ်လုပ်ဖို့ ညွှန် ကြားခဲ့တယ်လို့ KCNA က ဖော်ပြပါတယ်။
ပြီးခဲ့တဲ့နှစ်တွေအတွင်း မြောက်ကိုရီးယားရဲ့ နျူကလီးယားနဲ့ ဒုံးကျည်အစီအစဉ်တွေကို အရှိန်မြှင့် ခဲ့တာကြောင့် သူတို့နိုင်ငံဟာ နျူကလီးယားပိုင်ဆိုင်တဲ့နိုင်ငံအဖြစ် အမြဲတမ်း ခိုင်ခိုင်မာမာ အမြစ်တွယ် သွားခဲ့ပြီလို့လည်း သူက ဆိုပါတယ်။
“ကျွန်တော်တို့နိုင်ငံက နျူကလီးယားပိုင်ဆိုင်တဲ့နိုင်ငံ ဖြစ်လာတာဟာ ရန်သူတွေရဲ့ ခြိမ်းခြောက် မှုကို ဟန့်တားဖို့နဲ့ ဒေသတွင်း တည်ငြိမ်မှုကို ထိန်းသိမ်းဖို့အတွက် အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ရှိပါ တယ်။ နျူကလီးယားလက်နက်တွေဆိုတာ ကျွန်တော်တို့နိုင်ငံရဲ့ လုံခြုံရေးနဲ့ အကျိုးစီးပွားအတွက် အာမ ခံချက်ပေးတဲ့ အန္တရာယ်ကင်းစနစ်ပဲ ဖြစ်ပါတယ်” လို့ သူက ဆိုပါတယ်။
တောင်ကိုရီးယားနိုင်ငံပိုင် ယွန်ဟပ်သတင်းဌာနရဲ့ ဖော်ပြချက်အရ ငါးနှစ်တစ်ကြိမ် ကျင်းပတဲ့ မြောက်ကိုရီးယား အလုပ်သမားပါတီ ညီလာခံကို ဗုဒ္ဓဟူးနေ့မှာ ပိတ်သိမ်းခဲ့ပါတယ်။
ဒီညီလာခံကို နိုင်ငံတစ်ဝန်းက ပါတီကိုယ်စားလှယ်ပေါင်း ၅,၀၀၀ လောက် တက်ရောက်ခဲပြီး ညီ လာခံအပိတ်အနေနဲ့ မြို့တော်ပြုံယမ်းရဲ့ လမ်းမတွေပေါ်မှာ စစ်ရေးပြအခမ်းအနားတစ်ခုကိုလည်း ခမ်း ခမ်းနားနား ကျင်းပခဲ့ပါတယ်။
မြောက်ကိုရီးယားက ထုတ်ပြန်တဲ့ ဓာတ်ပုံတွေထဲမှာ စစ်သားတွေဟာ မီးထွန်းညှိထားတဲ့ ကင်အီ ဆွန်းရင်ပြင်ထဲမှာ စစ်ကြောင်းထိုး ချီတက်နေကြတာကို တွေ့ရပြီး စင်မြင့်ပေါ်မှာတော့ ခေါင်းဆောင် ကင် ဂျုံအန်ဟာ သူ့ရဲ့သမီးဖြစ်သူ၊တခြား အဆင့်မြင့်အရာရှိကြီးတွေနဲ့အတူ ရပ်ကြည့်နေခဲ့တာပါ။
စစ်ရေးပြပွဲမှာ ပါဝင်တဲ့ တပ်ဖွဲ့ဝင်အချို့ဟာ အထူးစစ်ဆင်ရေးသုံး လက်နက်ကိရိယာတွေကို ဝတ် ဆင်ထားကြသလို၊ ဂျက်တိုက်လေယာဉ်တွေကလည်း အပေါ်ကနေ ပျံသန်းအလေးပြုခဲ့ကြပါတယ်။
စစ်ရေးပြပွဲမှာ ကင်ဂျုံအန်ရဲ့ သမီးဖြစ်သူ ကင်ဂျူအေး ပါဝင်လာတာကြောင့် သူမကို ဖခင်ဖြစ်သူရဲ့ အရိုက်အရာကို ဆက်ခံမယ့်သူအဖြစ် လေ့ကျင့်သင်ကြားပေးနေတာလားဆိုတဲ့ ဝေဖန်ခန့်မှန်းမှုတွေ ပိုပြီး ထွက်ပေါ်လာနေပါတယ်။
ကိုးကား – Aljazeera
Ref; North Korea’s Kim Jong Un warns South Korea, says US should end hostility