ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၂၆ ရက်
ဒေသတွင်း အခြေအနေတွေ တင်းမာနေစဉ် ဂျပန်နိုင်ငံဟာ ထိုင်ဝမ်အနီး အနောက်ဘက်စွန်း ကျွန်းလေးတစ်ခုမှာ မြေပြင်ကနေ ဝေဟင်ပစ် ဒုံးကျည်တွေ တပ်ဆင်ဖို့ စီစဉ်နေပြီး ၂၀၃၁ ခုနှစ်၊ မတ်လမှာ အပြီးသတ်ဖို့ ရည်မှန်းထားတယ်လို့ ဂျပန် ကာကွယ်ရေးဝန်ကြီး ရှင်ဂျီရိုကိုအီဇုမိက ပြောပါတယ်။
ဒီကျွန်းဟာ ယိုနာဂူနီကျွန်းဖြစ်ပြီး ၂၀၂၂ ခုနှစ်ကတည်းက ဒုံးကျည်တပ်ဆင်မယ်လို့ ကြေညာခဲ့ပေ မယ့် အခုလိုမျိုး တိကျတဲ့ အချိန်ဇယားကို ထုတ်ပြောတာကတော့ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။
တရုတ်နိုင်ငံက ထိုင်ဝမ်ကို သူ့ပိုင်နက်အဖြစ် သတ်မှတ်ထားပြီး လိုအပ်ရင် အင်အားသုံးပြီး သိမ်းယူ ဖို့အထိ ပြင်ဆင်ထားပါတယ်။ ယိုနာဂူနီကျွန်းဟာ ထိုင်ဝမ်နဲ့ ၆၈ မိုင် ပဲ ဝေးတာဖြစ်လို့ ရာသီဥတုသာယာ တဲ့နေ့မျိုးမှာ ထိုင်ဝမ်ကမ်းခြေကနေတောင် မြင်နေရတဲ့အထိ နီးပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလက ဂျပန်ဝန်ကြီးချုပ် ဆာနေးတာကာအီချီက ထိုင်ဝမ်သာ တိုက်ခိုက်ခံရရင် ဂျ ပန် ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့တွေကို အသုံးပြုမယ်လို့ ပြောကြားခဲ့တာကြောင့် တိုကျိုနဲ့ ပေကျင်းကြား တင်းမာမှုတွေက ပိုပြီး မြင့်တက်နေတာ ဖြစ်ပါတယ်။
ထိုင်ဝမ်ဟာ အမေရိကန်ရဲ့ မဟာမိတ်ဖြစ်တဲ့အတွက် တိုင်ဝမ်သာ တိုက်ခိုက်ခံရပါက အမေရိကန် နဲ့ တရုတ်ကြားမှာ တိုက်ရိုက်စစ်ပွဲ ဖြစ်လာနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေက ကြာလှပါပြီ။
အခြေအနေတွေ ပိုကျယ်ပြန့်လာပြီး ဒေသတွင်း ဂျပန်လိုမျိုး တခြားအမေရိကန်ရဲ့ မဟာမိတ်နိုင်ငံ တွေပါ စစ်ပွဲထဲမှာ ပါဝင်ပတ်သက်လာနိုင်တဲ့အထိ စိုးရိမ်နေကြပါတယ်။
ရှင်ဂျီရိုကိုအီဇုမိက ဒုံးကျည်တပ်ဆင်မယ့် အချိန်ဇယားကို အင်္ဂါနေ့မှာ ထုတ်ဖော်ပြောဆိုခဲ့ပြီး ဒါ ဟာ တရုတ်နိုင်ငံက အမျိုးသားလုံခြုံရေးကို အကြောင်းပြပြီး ဂျပန်ကုမ္ပဏီနဲ့ အဖွဲ့အစည်း ၂၀ ကို ပို့ကုန် ကန့်သတ်ချက်တွေ ချမှတ်လိုက်ပြီး တစ်ရက်အကြာမှာ ပြောဆိုတာ ဖြစ်ပါတယ်။
ယိုနာဂူနီကျွန်းမှာတပ်စွဲမယ့် တပ်ဖွဲ့ဟာ အလတ်စား မြေပြင်ကနေ ဝေဟင်ပစ် ဒုံးကျည်တွေကို အ သုံးပြုသွားမှာဖြစ်ပြီး ဒီဒုံးကျည်တွေဟာ ကျွန်းဘက်ကို ဦးတည်လာတဲ့ လေယာဉ်တွေနဲ့ ဒုံးကျည်တွေကို ကြားဖြတ်ပစ်ချနိုင်စွမ်းရှိတယ်လို့ သူက ပြောပါတယ်။
ဂျပန်နိုင်ငံထုတ် ဒီဒုံးကျည်စနစ်ဟာ အကွာအဝေး ၅၀ ကီလိုမီတာလောက်အထိ ပစ်ခတ်နိုင်ပြီး ၃၆၀ ဒီဂရီ ပတ်ပတ်လည်ကိုလည်း ကာကွယ်နိုင်တဲ့အပြင် ပစ်မှတ်ပေါင်း ၁၀၀ ကို တစ်ပြိုင်နက်တည်း ခြေရာခံနိုင်ပြီး အဲဒီထဲက ပစ်မှတ် ၁၂ ခုကို တစ်ချိန်တည်းမှာ တုံ့ပြန်ပစ်ခတ်နိုင်စွမ်း ရှိပါတယ်။
ဝန်ကြီးချုပ် တာကာအီချီက အခုလအစောပိုင်းမှာ ကျင်းပခဲ့တဲ့ လွှတ်တော်ရွေးကောက်ပွဲမှာ အ ပြတ်အသတ် အနိုင်ရရှိပြီးနောက်မှာ အခုလိုအခြေအနေ ဖြစ်လာတာပါ။
တာကာအီချီအနေနဲ့ ရွေးကောက်ပွဲမှာ အနိုင်ရရှိတာကြောင့် ဂျပန်နိုင်ငံရဲ့ ကာကွယ်ရေးစွမ်းရည် ကို မြှင့်တင်ဖို့အတွက် နိုင်ငံရေးအရ ပိုမိုအားကောင်းလာပြီး အရှိန်မြှင့်ဆောင်ရွက်နိုင်ခဲ့တာ ဖြစ်ပါတယ်။
ဒုံးကျည်တပ်ဖွဲ့ ဖြန့်ကြက်ချထားမယ့် အချိန်နဲ့ပတ်သက်ပြီး အနာဂတ်မှာ လုပ်ဆောင်မယ့် အ ဆောက်အအုံပိုင်းဆိုင်ရာ ပြင်ဆင်မှုတွေရဲ့ တိုးတက်မှုအပေါ် မူတည်ပြီး ပြောင်းလဲနိုင်ခြေရှိပေမယ့် လက် ရှိအစီအစဉ်အရတော့ ၂၀၃၀ ဘဏ္ဍာရေးနှစ်မှာ လုပ်ဆောင်ဖို့ ဖြစ်တယ်လို့ ကိုအီဇုမိက ဆိုပါတယ်။
ကိုးကား – BBC
Ref; Japan to deploy missiles on island near Taiwan by 2031