ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၂၆ ရက်
မြန်မာ့အရေးနဲ့ ပတ်သက်ပြီး အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်ကို ပြန်လည်သုံးသပ်ဖို့နဲ့ ရေရှည်ဆောင်ရွက်မယ့် အထူးကိုယ်စားလှယ်ရာထူးတစ်ခု သီးသန့်ထားရှိဖို့ အာဆီယံအဖွဲ့က စဉ်းစားနေ တယ်လို့ ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီး ထရီဆာလာဇာရိုက ပြောကြားလိုက်ပါတယ်။
ထိုင်း PBS သတင်းဌာနနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ လာဇာရိုက မြန်မာ့အရေးကို ကိုင်တွယ်ရာမှာ ဘုံသဘောတူညီချက် ၅ ချက်ဟာ အာဆီယံအဖွဲ့ရဲ့ အခြေခံအကျဆုံး စာတမ်းအဖြစ် ရှိနေဆဲဖြစ်ပေမယ့် စီဘူးမြို့မှာကျင်းပတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အစည်းအဝေးမှာတော့ အဖွဲ့ဝင်နိုင်ငံအချို့က ဒီမူဝါဒကို ပြန်လည်ပြင်ဆင်ဖို့ အကြံပြုခဲ့ကြတယ်လို့ ဆိုပါတယ်။
“ကျွန်မအမြင်အရတော့ ဘုံသဘောတူညီချက် ၅ ချက်ကို တစ်စုံတစ်ရာ ပြန်ပြီးသုံးသပ်သင့်တယ် လို့ ထင်ပါတယ်” လို့ သူက ပြောပါတယ်။
အာဆီယံအဖွဲ့ဟာ အဖွဲ့ဝင်အားလုံးရဲ့ သဘောတူညီချက်နဲ့ပဲ လုပ်ဆောင်တာဖြစ်လို့ ဘယ်လိုအ ပြောင်းအလဲမျိုးပဲလုပ်လုပ် အဖွဲ့ဝင်နိုင်ငံအားလုံး သဘောတူဖို့တော့ လိုအပ်တယ်လို့လည်း ၎င်းက ဖြည့် စွက်ပြောပါတယ်။
မြန်မာ့အရေးကို ကိုင်တွယ်ရာမှာ အဆက်မပြတ်ဘဲ ရေရှည်ဆောင်ရွက်နိုင်ဖို့အတွက် အမြဲတမ်းအ ထူးကိုယ်စားလှယ် ရာထူးတစ်ခု ထားရှိဖို့ကိစ္စကိုလည်း အဲဒီအစည်းအဝေးမှာ ဆွေးနွေးခဲ့ပြီး အဆင့်မြင့်အ ရာရှိတွေကို ဒီအဆိုပြုချက်အပေါ် ဆက်လက်လေ့လာဖို့ တာဝန်ပေးထားတယ်လို့ သိရပါတယ်။
ဖိလစ်ပိုင်နိုင်ငံက မလေးရှားထံမှ အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ကို လွှဲပြောင်းယူထားပြီး လာ ဇာရိုဟာ အဖွဲ့ဝင် ၁၁ နိုင်ငံပါဝင်တဲ့ အာဆီယံအဖွဲ့ကြီးရဲ့ ဥက္ကဋ္ဌအပြင် မြန်မာနိုင်ငံဆိုင်ရာ အာဆီယံဥက္ကဋ္ဌ ရဲ့ အထူးကိုယ်စားလှယ်အဖြစ်လည်း တာဝန်ထမ်းဆောင်နေသူပါ။
အာဆီယံအဖွဲ့အနေနဲ့ မြန်မာ့အရေးကို ကိုင်တွယ်တဲ့အခါ လုပ်ငန်းစဉ်တွေ အဆက်မပြတ်ဘဲ ရေ ရှည်တည်တံ့ခိုင်မြဲဖို့ လိုအပ်တယ်လို့ လာဇာရိုက အလေးပေးပြောခဲ့ပြီး အမြဲတမ်းအထူးကိုယ်စားလှယ် တစ်ဦးကို ခန့်အပ်သင့်တယ်ဆိုတာ ဖိလစ်ပိုင်နိုင်ငံရဲ့ သဘောထားဖြစ်တယ်လို့ ဆိုပါတယ်။
အထူးကိုယ်စားလှယ်တစ်ဦးအနေနဲ့ သူဟာ ဘုံသဘောတူညီချက်အတိုင်း မြန်မာစစ်တပ်ခေါင်း ဆောင်ပိုင်းရော၊ တခြားသက်ဆိုင်သူတွေနဲ့ပါ တွေ့ဆုံဆွေးနွေးမှုတွေ လုပ်နေတယ်လို့ လာဇာရိုက ပြောပါ တယ်။
ကိုးကား – Thai PBS
Ref; ASEAN weighs review of Myanmar peace plan, long-term envoy