ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၂၄ ရက်

နိုင်ငံတကာရာဇဝတ်တရားရုံး (ICC) ဟာ လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှု ကျူးလွန်ခဲ့တယ်လို့ စွပ်စွဲခံထားရတဲ့ ဖိလစ်ပိုင်သမ္မတဟောင်း ရိုဒရီဂိုဒူတာတေးကို ရုံးမတင်ခင် ကြားနာစစ်ဆေးမှုတွေ စတင် လိုက်ပါတယ်။

၂၀၁၃ ခုနှစ်ကနေ ၂၀၁၈ ခုနှစ်အတွင်း ဒူတာတေးဟာ သံသယရှိသူတွေကို တရားဥပဒေပြင်ပမှာ သတ်ဖြတ်ခဲ့တဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး စစ်ဆင်ရေးကြီးကို ဦးဆောင်ခဲ့တယ်လို့ တရားလိုရှေ့နေ တွေက စွပ်စွဲထားတာဖြစ်ပြီး ပြီးခဲ့တဲ့နှစ်မှာပဲ တရားရုံးက သူ့ကို တရားစွဲဆိုခဲ့တာပါ။

ပြီးခဲ့တဲ့ တနင်္လာနေ့ကလုပ်တဲ့ ကြားနာပွဲကိုတော့ ဒူတာတေးက လူကိုယ်တိုင်တက်ရောက်ခွင့်ကို စွန့်လွှတ်ခဲ့လို့ ရုံးတော်ကို လာရောက်ခဲ့ခြင်း မရှိပါဘူး။

တရားလိုက ဒီရာဇဝတ်မှုတွေမှာ ဒူတာတေးဟာ အဓိကကျတဲ့ အခန်းကဏ္ဍကနေ ပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် လူတစ်ယောက်သတ်ရင် ဆုကြေးငွေ ဘယ်လောက်ဆိုပြီး လူသတ်သမားတွေကို ပေးခဲ့ တဲ့အပြင် ဒူတာတေးကိုယ်တိုင်က လက်နက်ခဲယမ်းတွေနဲ့ တခြားလိုအပ်တဲ့ ထောက်ပံ့မှုတွေကိုပါ လုပ် ပေးခဲ့တယ်လို့ စွပ်စွဲထားပါတယ်။

ဒူတာတေးရဲ့ ရှေ့နေအဖွဲ့ကတော့ ဒူတာတေးပြောတဲ့ စကားလုံးတွေကြောင့် လူတွေ အသတ်ခံရ နိုင်တယ်ဆိုတာကို သူကြိုသိနိုင်တယ်ဆိုတဲ့ ခိုင်လုံတဲ့ အကြောင်းပြချက်တွေကို တရားလိုဘက်က ပြနိုင်ရ မယ်လို့ ချေပပြောဆိုထားပါတယ်။

ဒီရုံးမတင်ခင် ကြားနာမှုတွေကို လာမယ့် သောကြာနေ့အထိ ဆက်လုပ်သွားမှာဖြစ်ပြီး၊ အဲဒီနောက် မှာ ICC တရားသူကြီးတွေက ရက်ပေါင်း ၆၀ အတွင်းမှာ ဒီအမှုကို တရားဝင်ရုံးတင်စစ်ဆေးဖို့အထိ ဆက် သွားမလားဆိုတာကို ဆုံးဖြတ်မှာဖြစ်ပါတယ်။

ကိုးကား – NHK
Ref; ICC begins pretrial hearing for Philippine ex-President Rodrigo Duterte