ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၂၄ ရက်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သူ့ရဲ့ စစ်ဘက်ဆိုင်ရာ ထိပ်တန်းအကြံပေးပုဂ္ဂိုလ်က အီရန် ကို စစ်ရေးအရ အရေးယူဖို့ ကန့်ကွက်ခဲ့တယ်ဆိုတဲ့ သတင်းတွေကို ပယ်ချလိုက်ပါတယ်။
ဒီလိုပြောဆိုချက်တွေဟာ ၁၀၀ ရာခိုင်နှုန်း မှားယွင်းနေတယ်လို့ ဒေါ်နယ်ထရမ့်က ဆိုပြီး သူ့ရဲ့ အ စိုးရအဖွဲ့အတွင်းမှာလည်း သဘောထားကွဲလွဲမှုတွေ လုံးဝမရှိဘူးလို့ အခိုင်အမာ ပြောကြားခဲ့ပါတယ်။
ပူးတွဲစစ်ဉီးစီးချုပ်များ ဥက္ကဋ္ဌဖြစ်သူ ဗိုလ်ချုပ်ကြီး ဒန်ကိန်းက အီရန်အစိုးရကို စစ်ရေးအရ ပစ်မှတ် ထားတိုက်ခိုက်ဖို့ကိစ္စမှာ ကန့်ကွက်တဲ့ အကြံပြုချက်တွေ ပေးခဲ့တယ်ဆိုတဲ့ ပြောဆိုချက်တွေကို သူက ငြင်းဆိုခဲ့တာပါ။
“ဒီသတင်းတွေမှာ ဘယ်သူက ပြောတာလဲဆိုတဲ့ ခိုင်လုံတဲ့ အရင်းအမြစ် တစ်ခုမှ မပါသလို၊ ဒါဟာ ၁၀၀ ရာခိုင်နှုန်းကို မှားယွင်းနေတာပါ” လို့ ၎င်းက လူမှုကွန်ရက် Truth မှာ ရေးသားခဲ့ပါတယ်။
ဗင်နီဇွဲလားနိုင်ငံမှာ လုပ်ခဲ့တဲ့ စစ်ဆင်ရေးတွေနဲ့ နှိုင်းယှဉ်ရင် အီရန်ကိစ္စနဲ့ ပတ်သက်ပြီး အစိုးရအဖွဲ့ အတွင်း ဆွေးနွေးပွဲတွေမှာ ဗိုလ်ချုပ်ကြီး ဒန်ကိန်းက ပိုပြီး သတိကြီးကြီးထားတဲ့ လေသံမျိုး ဖမ်းနေတယ် လို့ Axios သတင်းဌာနက အစောဆုံး ဖော်ပြခဲ့တာပါ။
ဗိုလ်ချုပ်ကြီး ဒန်ကိန်းနဲ့ ပန်တဂွန်စစ်ဌာနချုပ်က တာဝန်ရှိသူတွေဟာ အီရန်နဲ့ စစ်ဖြစ်ရင် ကြုံလာ နိုင်တဲ့ စိုးရိမ်စရာ အန္တရာယ်တွေကို ထောက်ပြနေကြတယ်လို့ မီဒီယာတွေက ရေးသားခဲ့ကြပါတယ်။
စိုးရိမ်ချက်တွေထဲမှာ အမေရိကန် စစ်သားတွေ အထိအခိုက် ရှိနိုင်တာအပြင်၊ ယူကရိန်းနဲ့ အစ္စရေး ကို ကူညီပံ့ပိုးပေးနေရလို့ အားနည်းနေတဲ့ လက်နက်ခဲယမ်း သိုလှောင်မှု အခြေအနေတွေလည်း ပါဝင်နေ တယ်လို့ ဆိုပါတယ်။
ဒေါ်နယ်ထရမ့်က ဗိုလ်ချုပ်ကြီး ဒန်ကိန်းကို တကယ့် စစ်သားကောင်းတစ်ယောက်ဖြစ်ပြီး ကမ္ဘာ မှာ အင်အားအကြီးဆုံး စစ်တပ်ကို ကိုယ်စားပြုတဲ့သူလို့ ချီးကျူးခဲ့ပါတယ်။
အပြီးသတ် ဆုံးဖြတ်ချက်ဟာ သူ့အပေါ်မှာပဲ မူတည်တယ်ဆိုတာကိုလည်း ဒေါ်နယ်ထရမ့်က အ လေးပေး ပြောခဲ့ပါတယ်။
“ဆုံးဖြတ်ချက် ချရမှာက ကျွန်တော်ပါ။ ကျွန်တော်ကတော့ စစ်ဖြစ်တာထက် သဘောတူညီချက် တစ်ခု ရတာကိုပဲ ပိုလိုလားပါတယ်။ ဒါပေမယ့် တကယ်လို့ သဘောတူညီချက်သာ မရဘူးဆိုရင်တော့ အီ ရန်အတွက် တကယ့်ကို ကံဆိုးမိုးမှောင်ကျတဲ့ နေ့တစ်နေ့ ဖြစ်လာလိမ့်မယ်” လို့ သူက ဆိုပါတယ်။
ကိုးကား – India Today
Ref; Trump says reports claiming top General opposes war with Iran are 100% incorrect