ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၂၃ ရက်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန် နျူကလီးယားအစီအစဉ်ကို ထိန်းချုပ်ဖို့ သဘောတူ ညီချက်သစ်ရရေး ဖိအားပေးမှုအဖြစ် အရှေ့အလယ်ပိုင်းမှာ ရေတပ်အင်အား အကြီးအကျယ် တိုးမြှင့်ဖို့ အ မိန့်ပေးခဲ့ပြီးနောက် အီရန်ကို အကန့်အသတ်နဲ့ စစ်ဆင်ရေးလုပ်ဖို့ စဉ်းစားနေတယ်လို့ ပြောပါတယ်။
ဒီသီတင်းပတ်အစောပိုင်းက ဂျီနီဗာမှာ နှစ်ဖက်ဆွေးနွေးမှုတွေ ပြုလုပ်ပြီးနောက် ဝါရှင်တန်နဲ့ချုပ် ဆိုမယ့် သဘောတူညီချက်မူကြမ်းဟာ ရက်ပိုင်းအတွင်း အဆင်သင့်ဖြစ်လိမ့်မယ်လို့ အီရန်နိုင်ငံခြားရေးဝန် ကြီးက ပြောကြားခဲ့ပြီးနောက် သူက အခုလို ခြိမ်းခြောက်လိုက်တာပါ။
အီရန်အနေနဲ့ ၁၀ ရက်အတွင်း သဘောတူညီချက်မရရင် မကောင်းတာတွေ ဖြစ်လာလိမ့်မယ်လို့ ဒေါ်နယ်ထရမ့်က ကြာသပတေးနေ့မှာ ပြောခဲ့ပြီးနောက် အချိန်ကာလကို ၁၅ ရက်အထိ ထပ်တိုးပေးခဲ့ပါ တယ်။
ဂျီနီဗာမှာ ဆွေးနွေးမှုတွေလုပ်ပြီးနောက် သဘောတူညီချက်မူကြမ်းတွေကို အပြန်အလှန်တင်ပြဖို့ နှစ်ဖက်စလုံးက သဘောတူခဲ့ပြီး ဒါဟာ နောက်ထပ်လုပ်ဆောင်ရမယ့်ခြေလှမ်း ဖြစ်လိမ့်မယ်လို့ အီရန်နိုင် ငံခြားရေးဝန်ကြီး အဘတ်စ်အာရတ်ချီက အမေရိကန်မီဒီယာတွေကို ပြောကြားခဲ့ပါတယ်။
“နောက်ထပ် သုံးရက်အတွင်းမှာ အဲဒီမူကြမ်း အဆင်သင့်ဖြစ်လိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါ တယ်။ ကျွန်တော့်ရဲ့ အထက်လူကြီးတွေဆီက အတည်ပြုချက်ရပြီးရင် ဒေါ်နယ်ထရမ့်ရဲ့ အရှေ့အလယ် ပိုင်းဆိုင်ရာ အဓိကစေ့စပ်ညှိနှိုင်းရေးမှူး စတိဗ်ဝစ်ကော့ဖ်ဆီကို လွှဲပြောင်းပေးသွားမှာပါ” လို့ သူက ဆိုပါ တယ်။
အမေရိကန် တာဝန်ရှိသူတွေရဲ့ ပြောကြားချက်တွေနဲ့ ဆန့်ကျင်ပြီး အမေရိကန် စေ့စပ်ညှိနှိုင်းရေး မှူးတွေက အီရန်ရဲ့ နျူကလီးယား သန့်စင်ထုတ်လုပ်မှု အစီအစဉ်ကို ရပ်တန့်ဖို့ တောင်းဆိုတာမျိုး မရှိခဲ့ဘူး လို့လည်း အာရတ်ချီက ဆက်ပြောပါတယ်။
သူ့ရဲ့ပြောကြားချက်တွေဟာ ဒေါ်နယ်ထရမ့် အပါအဝင် အမေရိကန် အဆင့်မြင့်အရာရှိကြီးတွေဆီ က ရရှိတဲ့သတင်းတွေနဲ့ ကွဲလွဲနေပါတယ်။
အီရန်ကို ဘယ်အဆင့်အတန်းနဲ့မဆို ယူရေနီယံ သန့်စင်ထုတ်လုပ်ခွင့် လုံးဝမပေးနိုင်ဘူးလို့ ဒေါ် နယ်ထရမ့်က ထပ်ခါတလဲလဲ ပြောဆိုထားတာပါ။
အနောက်နိုင်ငံတွေက အီရန်ဟာ နျူကလီးယားလက်နက်တွေ ပိုင်ဆိုင်ဖို့ ကြိုးစားနေတယ်လို့ စွပ် စွဲထားကြပေမဲ့ အီရန်က ငြင်းဆိုထားပါတယ်။
အရပ်ဘက်သုံး ရည်ရွယ်ချက်တွေအတွက် ယူရေနီယံသန့်စင်ခွင့်ကတော့ သူတို့ရဲ့ ရပိုင်ခွင့်ဖြစ် တယ်လို့ အီရန်က အခိုင်အမာ ပြောဆိုထားပါတယ်။
ကိုးကား – AFP
Ref; Trump considers strike on Iran as Tehran says draft nuclear deal coming soon