ပန်းတနော်မြို့တွင် လေးကေ့ကော်မှာ ဖမ်းမိတဲ့သူတွေရဲ့ မိသားစုဝင်တွေကို စစ်ကောင်စီတပ် လိုက်ရှာနေ
အောင်မြသန်း/ဧရာဝတီတိုင်းမ်
(ပန်းတနော်)၊ စက်တင်ဘာလ ၉ ရက်
ဧရာဝတီတိုင်း၊ ပန်းတနော်မြို့နယ်မှာ စက်တင်ဘာလ ပထမပတ္က စတင်ပြီး စစ်ကောင်စီတပ်သားတွေက လေးကေ့ကော်မှာဖမ်းမိတဲ့သူတွေရဲ့ မိသားစုဝင်တွေကို လိုက်လံရှာဖွေဖမ်းဆီးတာတွေပြုလုပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ပန်းတနော်မြို့နယ်က၊ ဒေါ့င်ကြီးကျေးရွာမှာ စက်တင်ဘာလ ၈ ရက်နေ့က စစ်ကောင်စီတပ်သားတွေ အရပ်ဝတ်နဲ့ ကိုဝေယံနဲ့အတူ အခြားအမျိုးသားတဦးကို ဝင်ရောက်ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
လေးကေ့ကော်မှာဖမ်းမိတဲ့သူတွေရဲ့ မိသားစုဝင်တွေကို လိုက်ဖမ်းနေတာ ပုဒ္မ ၅၀၅ ဖွင့်ထားတာတွေလည်း ရှိတယ်ကြားတယ် ဒါပေမယ့် အဲ့တာတွေကို သတင်းမထုတ်ဘူး သတင်းရတာနဲ့ အရပ်ဝတ်တွေနဲ့ ဝင်ဖမ်းတာ လို့ ဒေသခံအမျိုးသားတဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
စစ်ကောင်စီတပ်သားတွေအရပ်ဝတ်နဲ့ဝင်ရောက်ဖမ်းဆီးတာခံခဲ့ရတဲ့ ကိုဝေယံနဲ့အခြားအမျိုးသားတဦးဟာ မအူပင်မြို့ကနေ ပန်းတနော်မြို့မှာ သွားရောက်တိမ်းရှောင်နေရတဲ့သူတွေဖြစ်ပြီး သတင်းပေးတွေရဲ့ တိုင်းတန် မှုကြောင့် ဖမ်းဆီးခံရတာဖြစ်တယ်လို့ ဆိုပါတယ်။
ဧရာဝတီတိုင်းက ဒေသခံတွေနဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေက စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှား မှုတွေကြောင့် စစ်ကောင်စီတပ်သားတွေ ဖမ်းဆီးတာလွတ်အောင် လေးကေ့ကော်မြို့သစ်မှာ သွားရောက်တိမ်း ရှောင်ချိန်မှာ စစ်ကြောင်းထိုးဖမ်းဆီးမှုကြောင့် ၁၃ ဦးဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး နောက်ပိုင်းမှာ မိသားစုဝင်တွေကို စစ်ကောင်စီတပ်သားတွေက
ရှာဖွေဖမ်းဆီးတာတွေပြုလုပ်နေတာလို့ သိရပါတယ်။
#ပန်းတနော် #လေးကေ့ကော် #ဖမ်းဆီး #စစ်ကောင်စီ
#Ayeyarwaddy_Times