သြဂုတ်လအတွင်းက ဝါးခယ်မမြို့နယ်မှာ ဖမ်းဆီးခံရတဲ့ ရိုဟင်ဂျာ ၅၆ ဦးကို စစ်ကောင်စီက လဝကဥပဒေနဲ့ ထောင်ဒဏ် ၂ နှစ်စီ ချမှတ်

ဧရာဝတီတိုင်းမ်

စက်တင်ဘာလ ၉ ရက်

ဧရာဝတီတိုင်းဒေသကြီး၊ ဝါးခယ်မမြိုနယ်မှာသြဂုတ်လအတွင်းကစစ်ကောင်စီက ဖမ်းဆီးထားတဲ့ရိုဟင်ဂျာ ၅၆ ဦးကို ဝါးခယ်မမြို့နယ်တရားရုံးက စက်တင်ဘာ ၆ ရက်နေ့မှာ မှတ်ပုံတင် အက်ဥပဒေ ပုဒ်မ – ၆ (၃) နဲ့ ထောင် ၂ နှစ်စီ ချမှတ်လိုက်တယ်လို့ ရဲတပ်ဖွဲ့နီးစပ်သူတွေထံကနေသိရပါတယ်။

အမိန့်ချမှတ်ခံရတဲ့ ရိုဟင်ဂျာလူမျိုးတွေဟာ ရခိုင်ကနေ စက်လှေနဲ့ ရန်ကုန်ဘက်ကိုထွက်လာစဥ်မှာစက်လှေပျက်ပြီးသြဂုတ်လ ၂၂ရက်နေ့မှာ ဝါးခယ်မမြစ် ဆော်ကဲတံတား အလွန် သရွတ်မြိုက် ဝဲအနီးမှာ စစ်ကောင်စီတပ်တွေက ဖမ်းဆီးခဲ့တာလို့သိရပါတယ်။

ဝါးခယ်မမြို့နယ်စစ်ကောင်စီ က ရိုဟင်ဂျာ ၅၉ဦးကိုဖမ်းဆီးခဲ့ပြီးနောက်ပိုင်း စားရေးသောက်ရေးကို တာ၀န်မယူပဲမြို့နယ်က ဗလီ ၂ခုက တာ၀န်ရှိသူတွေကို ခေါ်ပြီး တာ၀န်ယူခိုင်းခဲ့တာကြောင့် သြဂုတ်လ (၂၃)ရက်နေ့ ကစတင်ကျွေးမွေးထားရတယ်လို့ ရိုဟင်ဂျာများကိုလိုက်ပါကူညီပေးနေသူတွေဆီကနေသိရပါတယ်။

#တစ်မိနစ်ရုပ်သံ

#Ayeyarwaddy_Times