စစ်ကောင်စီတပ် ခမရ ၁၀၂က ဗိုလ်ကြီး ၁ ဦးအပါ စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦးကို ကော်ဘရာစစ်ကြောင်းဖမ်းဆီး

ဧရာဝတီတိုင်းမ်

စက်တင်ဘာလ ၉ ရက်

ကရင်ပြည်နယ်၊မြဝတီခရိုင်၊ မြဝတီ – ဝေါ်လေ ကားလမ်းမအတိုင်းနယ်မြေကျူးကျော်ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်က ဗိုလ်ကြီး ၁ ဦးအပါ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၆ ဦးကို လက်နက်ခဲယမ်းတွေနဲ့အတူ စက်တင်ဘာလ ၉ ရက် ဒီကနေ့မနက် ၁၀ နာရီခွဲခန့်မှာ ဖမ်းဆီးရမိခဲ့တယ်လို့ ကော်ဘရာစစ်ကြောင်းက ထုတ်ပြန်ပါတယ်။

ဖမ်းဆီးခံရတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ တပ်မဟာ ၆ နယ်မြေအတွင်းကို စစ်ကြောင်းဝင်ရောက်နေတဲ့ တပ်မ ၄၄ လက်အောက်ခံ ခမရ (၁၀၂)တပ် မှ ဗိုလ်ကြီး ရဲရင့်မောင် ဦးစီးသော စစ်ကောင်စီ တပ်ဖွဲ့ဝင် စုစုပေါင်း (၆) ဦးဖြစ်တယ်လို့ ဆိုပါတယ်။

ဖမ်းဆီးရမိစဥ်မှာ စစ်ကောင်စီတပ်သားတွေနဲ့အတူ ၄င်းတို့ကိုင်ဆောင်တဲ့ MA – 3 (၂)လက်၊ MA – 1 (၁)လက်၊ MA – 2 (၁)လက်၊ MA (4) (၁) လက်၊ MA (5) (၁)လက်၊ ကျည်ဘောက် (၁၇) ခု၊ ကျည်ဘောက်အဝိုင်း (၁)ချပ်၊ လက်ပစ်ဗုံး (၂)လုံး၊ BSA (1) စကုတ် (၁) ခု၊ ၅.၅၆ ကပစ ကျည် (၆၀၀)တောင့်၊ (၄၀) မမ ဗုံးသီး (၂၀၀) လုံး၊ (၆၀) မမ ဗုံးသီး (၂၀၀) လုံး၊

ရိက္ခာခြောက် ခေါက်ဆွဲ အိတ် (၁၂) အိတ် တို့အား သိမ်းဆည်း ရမိခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

ဖမ်းဆီးရမိတဲ့စစ်သုံ့ပန်းတွေကို ဂျီနီဗာ ကွန်ဗားရှင်းနှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်မှ ချမှတ်ထားသော စည်းမျဉ်းများနှင့် အညီ ကောင်းမွန်စွာ ထိန်းသိမ်းစောင့် ရှောက်ထားတယ်လို့သိရပါတယ်။

ဓာတ်ပုံ – ကော်ဘရာစစ်ကြောင်း။

#AyeyarwaddyTimes