မိုးဗြဲတွင် စစ်ကောင်စီဘက်က အကျအဆုံးများ၍ လေကြောင်းဖြင့် ၇ ကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်(ရုပ်/သံ)
ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၉ ရက်
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ဖယ်ခုံမြို့နယ်၊ မိုးဗြဲမို့တွင် ယမန်နေ့က တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က အကျအဆုံးများ၍ ယနေ့တွင် လေကြောင်းဖြင့် ၇ ကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ထို့အပြင် လွိုင်ကော်၊မိုးဗြဲ၊ ဖယ်ခုံမြို့နယ်များရှိ စစ်ကောင်စီ၏ အမြှောက်တပ်များမှလည်း လက်နက်ကြီးဖြင့် အဆက်မပြတ်ပစ်ခတ်ခဲ့ကြောင်း သိရသည်။
လက်ရှိတွင် လွိုင်ကော်မြို့ဘက်မှ မိုးဗြဲမြို့ဘက်သို့ တင့်ကားများ တက်လာနေကြောင်း နယ်မြေခံသတင်းရင်းမြစ်များထံမှ သိရသည်။
ရုပ်သံ – CJ
#Ayeyarwaddy_Times