ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၂၁ ရက်
ငြိမ်းချမ်းရေးနဲ့ အပစ်အခတ်ရပ်စဲရေး ရရှိစေဖို့ လိုအပ်ပါက ဂါဇာကမ်းးမြောင်ဒေသသို့ တပ်ဖွဲ့ ဝင် ၈၀၀၀ ကျော် စေလွှတ်ဖို့ ပြင်ဆင်နေတယ်လို့ အင်ဒိုနီးရှားသမ္မတ ပရာဘိုဝိုဆူဘီယန်တိုက ပြောပါ တယ်။
အင်ဒိုနီးရှားနိုင်ငံဟာ ပါလက်စတိုင်းမှာ ငြိမ်းချမ်းရေးအိပ်မက် အောင်မြင်မယ်လို့ ၎င်းက ကြာသ ပတေးနေ့မှာ ဝါရှင်တန်မြို့တော်၌ ပြောပါတယ်။
ပရာဘိုဝိုဟာ ငြိမ်းချမ်းရေးဘုတ်အဖွဲ့ရဲ့ ပထမဆုံးအကြိမ် အစည်းအဝေးကို တက်ရောက်ဖို့ အ မေရိကန်နိုင်ငံရဲ့မြို့တော် ဝါရှင်တန်သို့ ရောက်ရှိနေတာပါ။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ ဂါဇာဒေသ အသွင်ကူးပြောင်းရေး အုပ်ချုပ်မှုကို ကြီးကြပ် ဖို့ ပြီးခဲ့တဲ့လက ငြိမ်းချမ်းရေးဘုတ်အဖွဲ့ကို ဖွဲ့စည်းခဲ့ပါတယ်။
ငြိမ်းချမ်းရေးဘုတ်အဖွဲ့ရဲ့ ဥက္ကဌဖြစ်တဲ့ ဒေါ်နယ်ထရမ့်က တပ်ဖွဲ့ဝင် ထည့်ဝင်မှုအတွက် အင်ဒိုနီး ရှား၊ မော်ရိုကိုနဲ့ အခြားနိုင်ငံတွေကို ချီးကျူးခဲ့ပါတယ်။
နောက်နှစ်လခန့်အတွင်း ပထမအသုတ် တပ်ဖွဲ့တွေကို ဂါဇာဒေသသို့ စေလွှတ်မယ်လို့ ပရာဘိုဝို က သတင်းထောက်တွေကို ပြောပါတယ်။
မစ်ရှင်ဟာ လူသားချင်းစာနာမှု အကူအညီ၊ ပြန်လည်တည်ဆောက်ရေးနဲ့ အရပ်သားတွေကို ကာ ကွယ်ပေးရေး အလေးထားလုပ်ဆောင်မယ်လို့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။
လက်နက်ဖျက်သိမ်းရေးကို ဆန့်ကျင်သူတွေနဲ့ ထိပ်တိုက်ပဋိပက္ခ သေချာပေါက် ဖြစ်လာနိုင် တယ်လို့ လုံခြုံရေးနှင့် မဟာဗျူဟာလေ့လာရေး အင်စတီကျု့ရဲ့ ပူးတွဲ ထူထောင်သူ ခိုင်ရူလ်ဖာမီက ပြော ပါတယ်။
အမေရိကန်နိုင်ငံက အမိန့်ပေးတဲ့ လုပ်ရပ်တွေရဲ့ အကျိုးဆက်အဖြစ် ပါလက်စတိုင်းမှာ ထိခိုက် သေကျေမှုတွေ မြင်တွေ့ရပါက ပြည်သူတွေက အစိုးရကို အပြင်းအထန် ဆန့်ကျင်မယ်လို့ သူက ဆိုပါ တယ်။
ကိုးကား – NHK
Ref; Indonesia ready to send 8,000 troops to Gaza Strip