ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၂၀ ရက်

 

စစ်ကိုင်းငလျင်ဘေးတစ်နှစ်ပင်မပြည့်သေးသည့်အချိန်တွင် ရုံတင်ပြသတော့မည်ဖြစ်ကြောင်း ကြေညာနေသည့် ငလျင်ဘေးဖြစ်ရပ်မှန်ကိုရိုက်ကူးသည်ဟုဆိုထားသည့် “မပြိုလဲနိုင်သောနှလုံးသားများ” ရုပ်ရှင်မှာ ပြည်သူများအကြား ဝေဖန်မှုများမြင့်တက်လျက်ရှိကြောင်း သိရသည်။

 

အဆိုပါရုပ်ရှင်မှာ ငလျင်ဘေးကာလအတွင်း လူ ၂၀၀ ကျော်သေဆုံးခဲ့သည့် မန္တလေးSky Villaဖြစ်စဉ်ကို အခြေခံပြီး စစ်ကော်မရှင်လက်အောက်ခံ မီးသတ်တပ်ဖွဲ့ကို ဂုဏ်ပြုရန်အစီအစဉ်ဖြင့် ရိုက်ကူးထားခြင်းဖြစ်ကြောင်း သိရသည်။

ငလျင်ဘေးခံစားခဲ့ရသည့် ပြည်သူအများစုကမူ ယခုရုပ်ရှင်ကြောင့် ငလျင်ဒဏ်ခံစားခဲ့ရသူများ သေဘေးမှလက်မတင်လွတ်မြောက်ခဲ့ရသူများမှာ စိတ်ဒဏ်ရာရခဲ့သူများ၏ မကောင်းသည့်အမှတ်တရာများကို ပြန်လည်သတိရစေနိုင်ကြောင်း၊ တစ်နှစ်ပင်မပြည့်သေးသည့်အချိန်တွင် ဖျော်ဖြေရေးရုပ်ရှင်အဖြစ်ရိုက်ကူးခြင်းမှာ မသင့်လျော်ကြောင်း စသည့်ဖြင့် ဝေဖန်ပြောဆိုခဲ့ကြသည်။

 

မီးသတ်သမားများကို ဦးတည်ကာ ကယ်ဆယ်ရေးသမားများအကြောင်း သူရဲကောင်းအဖြစ်ပုံဖော်ရိုက်ကူးထားကြောင်း ပြောဆိုထားပြီး လက်တွေ့တွင်မူ ငလျင်ဘေးဖြစ်စဉ်တွင် အဓိကအားဖြင့် နိုင်ငံတကာမှကယ်ဆယ်ရေးသမားအများစု နှင့် ပြည်သူများကသာကိုယ့်အားကိုယ်ကိုး၍ ကယ်ဆယ်ရေးလုပ်ငန်းများကို လုပ်ကိုင်ခဲ့ရခြင်းဖြစ်သည်။

 

ယခုရုပ်ရှင်အား Boycottပြုလုပ်ရန် နှိုးဆော်ထားပြီး အနုပညာရှင်များဖြစ်သည့် ဖြိုးငွေစိုး၊ နေမင်း၊ မင်းဦး၊ ရတနာဗို၊ ချိုပြုံး အစရှိသူတို့မှ ဦးဆောင်ပါဝင်ထားကြောင်းသိရသည်။

ဓာတ်ပုံ – လူမှုကွန်ရက်