ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၂၀ ရက်

ဂျပန်ဝန်ကြီးချုပ် ဆာနေးတာကာအီချီက သောကြာနေ့မှာကျင်းပတဲ့ ရွေးကောက်ပွဲအပြီး ပထမ ဆုံး လွှတ်တော်မိန့်ခွန်းမှာ တရုတ်နိုင်ငံရဲ့ အနိုင်ကျင့်ဗိုလ်ကျမှုတွေ ပိုများလာတယ်လို့ သတိပေးလိုက်ပါ တယ်။

ဂျပန်ရဲ့ ကာကွယ်ရေးဆိုင်ရာ မဟာဗျူဟာတွေကို အကြီးအကျယ် ပြုပြင်ပြောင်းဖို့ ဆာနေးက ကတိပေးခဲ့ပြီး စစ်လက်နက်ပစ္စည်းတွေ ပြည်ပကို တင်ပို့ရောင်းချမှုအပေါ် ကန့်သတ်ထားတဲ့ စည်းမျဉ်း တွေကို လျှော့ချပေးမယ့်အပြင် နိုင်ငံအတွက် အရေးကြီးတဲ့ ကုန်စည်စီးဆင်းမှု ကွင်းဆက်တွေကို ပိုပြီး ခိုင် မာအောင် လုပ်ဆောင်မယ်လို့ ပြောပါတယ်။

ဆာနေးဟာ ဝန်ကြီးချုပ် တာဝန်ယူခဲ့တဲ့ ၄ လတာ ကာလအတွင်း တရုတ်နိုင်ငံနဲ့ သံတမန်ရေးအရ အတော်လေး တင်းမာခဲ့ပါတယ်။ တရုတ်က ထိုင်ဝမ်ကို တိုက်ခိုက်လာပြီး ဂျပန်ပိုင်နက်ကိုပါ ခြိမ်းခြောက် မယ်ဆိုရင် ဂျပန်စစ်တပ်ကို အသုံးပြုပြီး တုံ့ပြန်သွားမယ်လို့ ၎င်းက ပြောခဲ့ဖူးပါတယ်။

ဒီလထဲမှာ ကျင်းပခဲ့တဲ့ အောက်လွှတ်တော် ရွေးကောက်ပွဲမှာ ဆာနေးရဲ့ပါတီဟာ အပြတ်အသတ် အနိုင်ရရှိခဲ့ပြီးနောက် ဆာနေးက သူရဲ့ လုပ်ငန်းစဉ်တွေကို ချပြလာပြီး တရုတ်နိုင်ငံနဲ့ မဟာမိတ်တွေရဲ့ စီး ပွားရေးနဲ့ လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုတွေကို ပြန်လည်တုံ့ပြန်သွားမယ်လို့ ဆိုပါတယ်။

“ဂျပန်နိုင်ငံဟာ ဒုတိယကမ္ဘာစစ်နောက်ပိုင်း အဆိုးဝါးဆုံးနဲ့ အရှုပ်ထွေးဆုံး လုံခြုံရေးအခြေအနေ နဲ့ ရင်ဆိုင်နေရတယ်။ တရုတ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေ ပိုကျယ်ပြန့်လာပြီး တရုတ်နဲ့ ရုရှားတို့ကြား စစ်ရေး အရ ပိုပြီးနီးကပ်လာတာအပြင် မြောက်ကိုရီးယားရဲ့ နျူကလီးယားဒုံးကျည် စွမ်းဆောင်ရည်တွေ မြင့်တက် လာတယ်” လို့ သူက ပြောပါတယ်။

ဂျပန်အစိုးရအနေနဲ့ ကာကွယ်ရေး မဟာဗျူဟာအသစ် ချမှတ်နိုင်ဖို့ အဓိက လုံခြုံရေးဆိုင်ရာ မူဝါဒ စာတမ်း ၃ ခုကို ဒီနှစ်ထဲမှာ ပြင်ဆင်သွားမယ်လို့ သူက ဆက်ပြောပါတယ်။

ပြည်ပကို စစ်လက်နက်တွေ ပိုပြီး ရောင်းချနိုင်ဖို့နဲ့ ပြည်တွင်းက ကာကွယ်ရေးကုမ္ပဏီတွေကို အား ကောင်းလာစေဖို့ လက်နက်တင်ပို့မှုဆိုင်ရာ စည်းမျဉ်းတွေကို ပြန်လည်သုံးသပ်တဲ့ လုပ်ငန်းစဉ်တွေကို အ ရှိန်မြှင့်လုပ်ဆောင်မယ်လို့ သူက ထပ်လောင်းပြောပါတယ်။

“တရုတ်နိုင်ငံဟာ အရှေ့တရုတ်ပင်လယ်နဲ့ တောင်တရုတ်ပင်လယ်တို့မှာ လက်ရှိဖြစ်ပေါ်နေတဲ့ အ ခြေအနေတွေကို စစ်အင်အားသုံးပြီးတော့ဖြစ်ဖြစ်၊ အနိုင်ကျင့် ဗိုလ်ကျပြီးတော့ဖြစ်ဖြစ် သူတို့အလိုကျ တစ် ဖက်သတ် ပြောင်းလဲပစ်ဖို့ ကြိုးစားမှုတွေကို အခုနောက်ပိုင်းမှာ ပိုပြီးတော့ အရှိန်မြှင့်လုပ်ဆောင်လာနေ တယ်” လို့ ၎င်းက ဆိုပါတယ်။

၂၀၂၃ ခုနှစ်ကတည်းက စတင်ခဲ့တဲ့ စစ်အင်အားတိုးချဲ့မှုကို အခုတော့ ပိုပြီး အရှိန်မြှင့်လုပ်ဆောင် နေပြီး ဒီစီမံကိန်းအရ လာမယ့်မတ်လကုန်မှာ ဂျပန်ရဲ့ ကာကွယ်ရေးအသုံးစရိတ်ဟာ GDP ရဲ့ ၂ ရာခိုင်နှုန်း အထိ နှစ်ဆတိုးလာမှာပါ။

ဒါဟာ ဂျပန်နိုင်ငံမှာ စစ်ပွဲကို ငြင်းပယ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေရှိနေပေမယ့် ဂျပန်ကို ကမ္ဘာပေါ် မှာ ကာကွယ်ရေးဘတ်ဂျက် အများဆုံးသုံးစွဲတဲ့ နိုင်ငံတွေထဲက တစ်နိုင်ငံ ဖြစ်လာစေမှာပါ။

အမျိုးသားထောက်လှမ်းရေးကောင်စီတစ်ခုကို ဖွဲ့စည်းဖို့ အစီအစဉ်ရှိတယ်လို့လည်း ဆာနေးက ကြေညာခဲ့ပါတယ်။

ဒီကောင်စီကို ၎င်းကိုယ်တိုင် ဥက္ကဋ္ဌအဖြစ် ဦးဆောင်မှာဖြစ်ပြီး ရဲတပ်ဖွဲ့နဲ့ ကာကွယ်ရေးဝန်ကြီးဌာ န အပါအဝင် အစိုးရဌာနအသီးသီးက ရရှိထားတဲ့ သတင်းအချက်အလက်တွေကို တစ်နေရာတည်းမှာ စု စည်းပြီး စီမံခန့်ခွဲမယ်လို့ သူက ပြောပါတယ်။

ကိုးကား – Reuters
Ref; Japan PM Takaichi warns of China ‘coercion’, vows security overhaul