ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၁၉ ရက်

၂၀၂၄ ခုနှစ် ဒီဇင်ဘာလအတွင်း မအောင်မြင်သော စစ်အုပ်ချုပ်ရေး ထုတ်ပြန်ကြေညာခဲ့မှုနဲ့ ပတ် သက်ပြီး တောင်ကိုရီးယားသမ္မတဟောင်း ယွန်ဆတ်ယိုလ်ဟာ ပုန်ကန်မှုကို ဦးဆောင်ခဲ့ကြောင်း ပြစ်မှု ထင်ရှားသဖြင့် တောင်ကိုရီးယားတရားရုံးက ၎င်းအား အလုပ်ကြမ်းနှင့် ထောင်ဒဏ်တစ်သက်တစ်ကျွန်း ချမှတ်လိုက်ပါတယ်။

ယခုစီရင်ချက်ကြောင့် ယွန်ဆတ်ယိုလ်ဟာ တောင်ကိုရီးယားရဲ့ ဒီမိုကရေစီခေတ်အတွင်း အမြင့် ဆုံး ပြစ်ဒဏ်ချမှတ်ခံရတဲ့ ပထမဆုံးသော ရွေးကောက်ခံ နိုင်ငံတော်အကြီးအကဲ ဖြစ်လာခဲ့ပါတယ်။

ဆိုးလ်အလယ်ပိုင်း ခရိုင်တရားရုံးက ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၃ ရက်နေ့မှာ ယွန်ဆတ်ယိုလ် ထုတ် ပြန်ခဲ့တဲ့ စစ်အုပ်ချုပ်ရေး ကြေညာချက်ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အမိန့်အာဏာကို ဖြိုဖျက်ဖို့ ရည်ရွယ်လုပ်ဆောင်ခဲ့လို့ ပုန်ကန်မှုမြောက်ကြောင်း ဆုံးဖြတ်ခဲ့ပါတယ်။

တရားသူကြီး ဂျီကွီယွန်းက ယွန်ဆတ်ယိုလ်ရဲ့ ရည်ရွယ်ချက်မှာ လွှတ်တော်ဥက္ကဋ္ဌနဲ့ ပါတီခေါင်း ဆောင်တွေအပါအဝင် အဓိကပုဂ္ဂိုလ်တွေကို ဖမ်းဆီးဖို့ အမျိုးသားလွှတ်တော်သို့ စစ်တပ်စေလွှတ်ခြင်းဖြစ် ပြီး ယင်းမှတစ်ဆင့် လွှတ်တော်အမတ်များ ဆွေးနွေးညှိနှိုင်းခြင်း သို့မဟုတ် မဲခွဲဆုံးဖြတ်ခြင်းများ မပြုလုပ် နိုင်အောင် တားဆီးဖို့ဖြစ်တယ်လို့ ပြောပါတယ်။

ယွန်ဆတ်ယိုလ်ဟာ အမှုစစ်ဆေးနေတဲ့ ကာလတစ်လျှောက်လုံးမှာ တစ်ခွန်းတစ်ပါဒမှ တောင်း ပန်ခြင်း မရှိခဲ့တာ၊ ခိုင်လုံတဲ့ အကြောင်းပြချက်မရှိဘဲ ရုံးချိန်းတွေကို တက်ရောက်ဖို့ ငြင်းဆန်ခဲ့တာတွေ အပြင် သူ့ရဲ့လုပ်ရပ်တွေကြောင့် တောင်ကိုရီးယား လူမှုအဖွဲ့အစည်းတစ်ခုလုံးမှာ ကြီးမားလှတဲ့ လူမှုရေး ရင်းနှီးပေးဆပ်မှုတွေ ကြုံတွေ့ခဲ့ရတာတွေကို တရားရုံးက ထည့်သွင်းစဉ်းစားပြီး အခုလို ပြစ်ဒဏ်ချမှတ်ခဲ့ တာ ဖြစ်ပါတယ်။

ဒီစီရင်ချက်ချမှတ်ပုံကို တောင်ကိုရီးယားရှိ ရုပ်သံလိုင်းတွေမှာ တိုက်ရိုက်ထုတ်လွှင့်ပြသခဲ့တာပါ။ ယွန်ဆတ်ယိုလ် တရားရုံးကို ရောက်လာတဲ့အချိန်မှာ ခဏတာ ပြုံးပြနေခဲ့ပေမဲ့ ပြစ်ဒဏ်စီရင်ချက် ချမှတ် လိုက်တဲ့အချိန်မှာတော့ ဘာခံစားချက်မှ မပြဘဲ တည်တည်ငြိမ်ငြိမ်ပဲ နေသွားခဲ့ပါတယ်။

တောင်ကိုရီးယား ဥပဒေအရ နိုင်ငံတော်ကို ပုန်ကန်မှုမှာ ဦးဆောင်ခဲ့သူကို သေဒဏ်၊ အလုပ်ကြမ်း နဲ့ ထောင်ဒဏ်တစ်သက်တစ်ကျွန်း ဒါမှမဟုတ် အလုပ်ကြမ်းမပါတဲ့ ထောင်ဒဏ်တစ်သက်တစ်ကျွန်း ဆိုပြီး ပြစ်ဒဏ် သုံးမျိုးထဲက တစ်ခုခု ချမှတ်နိုင်ပါတယ်။

တရားစွဲဆိုသူ ရှေ့နေတွေ ယွန်ဆတ်ယိုလ်ဟာ ၆ နာရီကြာ ဖြစ်ပွားခဲ့တဲ့ အကျပ်အတည်းအတွင်း မှာ လွှတ်တော်ကို စစ်တပ်နဲ့ ဝိုင်းထားဖို့ လုပ်ခဲ့တာ၊ နိုင်ငံရေးအတိုက်အခံတွေကို ဖမ်းဆီးဖို့ ကြိုးစားခဲ့တာ တွေဟာ ဖွဲ့စည်းပုံအခြေခံဥပဒေကို အကြီးအကျယ်ဖျက်ဆီးမှု ဖြစ်တာကြောင့် သူ့ကို သေဒဏ်ပေးဖို့ တောင်းဆိုခဲ့ကြတာပါ။

ကိုးကား – The Guardian
Ref; South Korea’s former president Yoon Suk Yeol jailed for life for leading insurrection