ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၁၈ ရက်
ပုလဲနယ်တွင် လူသတ်၊ မုဒိမ်းမှုများပြုလုပ်နေသည့်နိုင်လင်း(ခ)နဂါး လက်နက်ခဲယမ်းများနှင့်အတူ တပ်မတော်ထံဝင်ရောက်ဟု စစ်ကော်မရှင်က ထုတ်ပြန်သည်။
ယနေ့ ဖေဖော်ဝါရီ ၁၈ ရက် ည ၈ နာရီတွင် စစ်ကော်မရှင်၏ လက်အောက်ခံရုပ်သံဌာနမှနေ၍ နိုင်လင်း ခေါ် နဂါးနှင့် ၎င်း၏မိသားစုဝင်များ စစ်တပ်လုံခြုံရေးစခန်းမှတစ်ဆင့် လက်နက်ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်းသို့ အလင်းဝင်ရောက်လာသည်ဟု ထုတ်ဖော်ကြေညာသွားသည်။

BNRA အမည်ခံအဖွဲ့မှ အဖွဲ့ခေါင်းဆောင် နိုင်လင်းခေါ် နဂါးက စစ်တပ်ထံအလင်းဝင်ရောက်သည်ဟု ကြေညာခဲ့ပြီး လက်နက်နှင့်အတူတွဲရိုက်ထားသည့် ဗိုလ်နဂါးပုံကိုပါ ထုတ်ဖော်ခဲ့သည်။
နဂါးခေါ် နိုင်လင်းသည် ယနေ့ ညနေပိုင်း၌ ပုလဲရှိ ရွာတစ်ရွာ၏ ဘောလုံးကွင်းတွင် စစ်ကော်မရှင်၏ ရဟတ်ယာဉ်နှစ်စင်းနှင့် ချိတ်ဆက်ကာ မိသားစုဝင် နောက်လိုက် လက်ရင်းတပည့်များနှင့်အတူ စစ်တပ်နှင့် ပူးပေါင်းသွားကာ ရဟတ်ယာဉ်ဖြင့် လိုက်ပါသွားခြင်းဖြစ်သည်။