ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၁၆ ရက်

ဂါဇာကမ်းမြောင်ဒေသမှာ လူသားချင်းစာနာမှု အကူအညီနဲ့ ပြန်လည်တည်ဆောက်ရေး စီမံကိန်း တွေအတွက် ငြိမ်းချမ်းရေးဘုတ်အဖွဲ့ဝင်နိုင်ငံတွေက ဒေါ်လာ ဘီလီယံချီ ထည့်ဝင်ဖို့ ကတိပြုခဲ့တယ်လို့ အ မေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောပါတယ်။

ဂါဇာဒေသ အသွင်ကူးပြောင်းရေး အုပ်ချုပ်မှုကို ကြီးကြပ်ဖို့ ငြိမ်းချမ်းရေးဘုတ်အဖွဲ့ကို ဒေါ်နယ်ထ ရမ့်က ဇန်နဝါရီလအတွင်း ထူထောင်ခဲ့ပြီး သူဟာ အဆိုပါအဖွဲ့ရဲ့ ဥက္ကဌ ဖြစ်လာခဲ့ပါတယ်။

ကြာသပတေးနေ့မှာ ဝါရှင်တန်မြို့တော်၌ကျင်းပမယ့် ငြိမ်းချမ်းရေးဘုတ်အဖွဲ့ရဲ့ ပထမဆုံး အ စည်းအဝေးမှာ နိုင်ငံ ၂၀ ထက်မနည်းမှ ခေါင်းဆောင်တွေနဲ့ တာဝန်ရှိသူတွေ တက်ရောက်ဖို့ မျှော်မှန်းရပါ တယ်။

“ဂါဇာဒေသ လူသားချင်းစာနာမှု အကူအညီနဲ့ ပြန်လည်တည်ဆောက်ရေးအတွက် ငြိမ်းချမ်းရေး ဘုတ်အဖွဲ့ဝင်နိုင်ငံတွေက ဒေါ်လာ ၅ ဘီလီယံကျော် ထည့်ဝင်ဖို့ ကတိပြုခဲ့ကြောင်း ကျွန်တော်တို့ ကြေ ညာပါမယ်” လို့ ဒေါ်နယ်ထရမ့်က တနင်္ဂနွေနေ့မှာ လူမှုကွန်ရက်၌ ရေးသားခဲ့ပါတယ်။

ဂါဇာပြည်သူတွေရဲ့ လုံခြုံရေးနဲ့ ငြိမ်းချမ်းရေး ထိန်းသိမ်းမယ့် အပြည်ပြည်ဆိုင်ရာ တည်ငြိမ်ရေး တပ်ဖွဲ့နဲ့ ဒေသန္တရရဲတပ်ဖွဲ့သို့ တပ်ဖွဲ့ဝင် ထောင်ချီ စေလွှတ်ဖို့လည်း အဖွဲ့ဝင်နိုင်ငံတွေက ကတိပြုခဲ့တယ် လို့ သူက ဆိုပါတယ်။

အမေရိကန်နိုင်ငံဉီးဆောင်တဲ့ ငြိမ်းချမ်းရေးစီမံချက်ရဲ့ ပထမအဆင့်အဖြစ် အစ္စရေးနဲ့ ဟားမာစ်အ ဖွဲ့ကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်မှာ ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်း အာဏာတည်ခဲ့ ပြီး အမေရိကန်နိုင်ငံဟာ အဆင့် ၂ စတင်ကြောင်း ပြီးခဲ့တဲ့လက ကြေညာခဲ့ပါတယ်။

ဟားမာစ်အဖွဲ့ဟာ သဘောတူညီချက် ချိုးဖောက်တယ်လို့ဆိုကာ အစ္စရေးနိုင်ငံဟာ ဂါဇာအပေါ် တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း လူ ၁၀ ဉီး သေဆုံးခဲ့ကာ သဘောတူညီချက် စတင်ပြီးနောက်ပိုင်း သေဆုံး သူ ၆၀၁ ဉီး ရှိလာခဲ့ပြီလို့ ဂါဇာဒေသရှိ ကျန်းမာရေးဌာန တာဝန်ရှိသူတွေက တနင်္ဂနွေနေ့မှာ ကြေညာခဲ့ပါ တယ်။

ကိုးကား – NHK
Ref; Trump: Board of Peace member states pledge $5 bil. for Gaza reconstruction