
အမေရိကန်က ယူကရိန်းနဲ့ ဥရောပနိုင်ငံတွေအတွက် ဒေါ်လာ ၂ ဒသမ ၈ ဘီလီယံ တန်ကြေးရှိ စစ်ရေးအကူအညီ ပေးမယ်
ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၉ ရက်
ရုရှားရဲ့ ခြိမ်းခြောက်မှုကိုခံနေရတဲ့ ယူကရိန်းနဲ့ ဥရောပတိုင်းပြည်တွေအတွက် ဒေါ်လာ ၂ ဒသမ ၈ ဘီလီ ယံကျော်တန်ကြေးရှိ စစ်ရေးအကူအညီသစ် ပေးအပ်မယ်လို့ အမေရိကန်အစိုးရက ကြေညာချိန်မှာ ကာကွယ်ရေး ဝန်ကြီး အန်တိုနီဘလင်ကန်ဟာ မနေ့က ကိယက်ဗ်မြို့တော်ကို မကြေညာဘဲ ရုတ်တရက် သွားရောက်ခဲ့ပါတယ်။
ယူကရိန်းနဲ့ ရုရှားရဲ့ ကျူးကျော်တိုက်ခိုက်မှုကို ခံရနိုင်ဖွယ်ရှိနေတဲ့ နေတိုးအဖွဲ့ဝင်နဲ့ ဒေသတွင်း လုံခြုံရေး ဆိုင်ရာမိတ်ဖက်တွေ အပါအဝင် အိမ်နီးချင်း ၁၈ နိုင်ငံကို ရေရှည် စစ်ရေးအကူအညီ ဒေါ်လာ ၂ ဒသမ ၂ ဘီလီယံ ပံ့ပိုးကူညီဖို့ အမေရိကန်အစိုးရက ကွန်ဂရက်ထံ အကြောင်းကြားထားတယ်လို့ သမ္မတ ဇီလန်စကီး အပါအဝင် ယူ ကရိန်း အကြီးတန်း တာဝန်ရှိသူတွေနဲ့
တွေ့ဆုံစဉ်မှာ ဘလင်ကန်က ပြောပါတယ်။
“အမေရိကန်က ယူကရိန်းပြည်သူတွေကို ပံ့ပိုးကူညီမယ်ဆိုတာ သမ္မတ ဂျိုးဘိုင်ဒင်က ရှင်းရှင်းလင်းလင်း ပြောကြားခဲ့ပြီးဖြစ်ပါတယ်” လို့ ဇီလန်စကီးက ပြောပါတယ်။
တောင်ပိုင်းနဲ့အရှေ့ပိုင်းမှာ ရုရှားထိန်းချုပ်ထားတဲ့ နယ်မြေတွေပြန်လည်ရရှိဖို့ ထိုးစစ်ဆင်နေတဲ့ ယူက ရိန်းတပ်ဖွဲ့တွေကို ကူညီပေးဖို့ ဒီစစ်ရေးအကူအညီသစ်ကို သုံးစွဲမှာဖြစ်ပါတယ်။
အမေရိကန်နိုင်ငံက သီးခြားအနေနဲ့ ယူကရိန်းသို့ ဒေါလာ ၆၇၅ သန်းတန်ကြေးရှိ လက်နက်ကြီး၊ ခဲယမ်း မီးကျောက်နဲ့ သံချပ်ကာယာဉ်တွေ ပံ့ပိုးကူညီမယ်လို့ ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်နဲ့ ဗိုလ်ချုပ်ကြီး မတ်ခ်မီလေးတို့က ဂျာမနီနိုင်ငံမှာ ပြောပါတယ်။
ဒေါ်လာ ၂ ဒသမ ၂ ဘီလီယံအနက် ဒေါ်လာတစ်ဘီလီယံက ယူကရိန်းနိုင်ငံသို့ ထောက်ပံ့မည်ဖြစ်ပြီး ကျန်ရှိသော စစ်ရေးအကူအညီကို အယ်လ်ဘေးနီးယား၊ ဘော့စနီးယား၊ ဘူလ်ဂေးရီးယား၊ ခရိုအေးရှား၊ ချက် သမ္မတ၊ အက်စတိုနီးယား၊ ဂျော်ဂျီယာ၊ ဂရိ၊ ကိုဆိုဗို၊ လတ်ဗီးယား၊ လစ်သူယေးနီးယား၊ မော်ဒိုဗာ၊ မွန်တီနီဂရိုး၊ မြောက်မက်ဆီဒိုးနီးယား၊ ပိုလန်၊ ရိုမေးနီးယား၊
ဆလိုဗေးနီးယားနဲ့ ဆလိုဗက်ကီးယားသို့ ထောက်ပံ့မယ်လို့ နိုင်ငံ ခြားရေးဝန်ကြီးဌာနက ပြောပါတယ်။
ကိုးကား – AP
Ref; During visit to Kyiv, Blinken announces $2B in US military aid for Europe