မန္တလေး-မုံရွာလမ်းပိုင်းမှာ စစ်တပ်ပိုင်အဝေးပြေးကားတွေကို မိုင်းဆွဲမှာမလို့ လိုက်မစီးဖို့ စစ်ကိုင်းခရိုင်PDF သတိပေး

ဧရာ၀တီတိုင်းမ်

စက်တင်ဘာလ ၉ ရက်

မန္တလေး-မုံရွာလမ်းပိုင်းကို စစ်တပ်ပိုင်အဝေးပြေးယာဉ်လိုင်းတွေနဲ့ ခရီးသွားလာတာတွေမပြုလုပ်ဖို့ စစ်ကိုင်းခရိုင် PDF တပ်ဖွဲ့က စက်တင်ဘာလ ၈ ရက် မနေ့က ရက်စွဲနဲ့သတိပေးထုတ်ပြန်ထားပါတယ်။

စစ်တပ်ပိုင်စီးပွားရေး ဦးပိုင်လိမီတက်ရဲ့ အဝေးပြေးယာဉ်လိုင်းတွေဖြစ်တဲ့ ရွှေမန်းသူ၊ ရှမ်းမလေး Express ကားတွေ မန္တလေး – မုံရွာလမ်းပိုင်းပေါ်ရောက်ရှိလာရင် စစ်ကိုင်းခရိုင်အတွင်းကမဟာမိတ်အဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်တာတွေပြုလုပ်မှာဖြစ်လို့ အခုလို သတိပေးထုတ်ပြန်တာလို့ဆိုပါတယ်။

သတိပေးပြီးတဲ့နောက် လိုက်ပါစီးနင်းခဲ့လို့ ထိခိုက်မှုတစုံတရာဖြစ်လာရင် လိုက်ပါစီးနင်းသူရဲ့တာဝန်သာဖြစ်ပြီး တော့ တော်လှန်ရေးအင်အားစုတွေဘက်က တာဝန်ယူမှာမဟုတ်ဘူးလို့ ဖော်ပြထားပါတယ်။

ရွှေမန်းသူ၊ရှမ်းမလေး၊ရွှေမြိုင်သူ၊ပုသိမ်သူ စတဲ့ယာဉ်လိုင်းတွေဟာ စစ်တပ်ကျောထောက်နောက်ခံ ဦးပိုင်လီမိ တက်ပိုင် အဝေးပြေးကားတွေဖြစ်ပြီး ကားနဲ့ဂိတ်ဝန်ထမ်းအများစုဟာလည်း စစ်မှုထမ်းဟောင်းတွေနဲ့ စစ်တပ် အသိုင်းအဝိုင်းကဖြစ်တယ်လို့ အဝေးပြေးယာဉ်လိုင်းအသိုင်းအဝိုင်းဆီက သိရပါတယ်။

#Ayeyarwaddy_Times