စစ်ကောင်စီတပ်က ပေါင်မြို့နယ် ကုလားမတောင်ကြောကို PDF ရှိတယ်ဆိုပြီး အင်အားအများအပြားဖြင့်တောနင်းရှာဖွေ

နိုင်း/ ဧရာဝတီတိုင်းမ်

(ပေါင်)၊ စက်တင်ဘာ ၉ ရက်

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ဥတ္တံတားရွာအနီးက ကုလားမတောင် တောင်ကြောတလျှောက်ကို စက် တင်ဘာ ၈ ရက် ညနေ ၆ နာရီဝန်းကျင်တွင် စစ်ကောင်စီတပ်များမှ ဒေသခံကာကွယ်‌ရေးတပ် များရှိ သည်ဟုယူဆကာ စစ်အင်အားအများအပြားဖြင့် ရှာဖွေခဲ့ကြောင်း ဒေသခံများထံကသိရသည်။

စစ်ကောင်စီတပ်သား အင်အား ၇၀ ဝန်းကျင်ဖြင့် ကုလားမတောင်ကြောအတွင်းမှ ဥတ္တံတား အတွင်းရွာကျောတစ်လျှောက် သေနတ်ပစ်ဖောက်တောနင်းရှာဖွေခဲ့ပြီး တောင်ပေါ်ရှိ ခြံအချို့အား မီးရှို့သွားခဲ့သည်ဟု သိရသည်။

“သူတို့တောနင်းရှာကြတာ၊ တောင်ပေါ်တက်တော့လည်း လမ်းမှာတွေ့တဲ့သူတွေကို ဖမ်းပြီး လမ်းပြခိုင်း ဖို့ခေါ်သွားတာ၊ အင်အားကများတယ်။ သူတို့တောင်ပေါ်ကပြန်ဆင်းတော့ ရွာထဲထိကား တွေနဲ့လာ စောင့်ကြိုသွားတာ၊ ရွာခံတွေကတော့တော်တော်လန့်နေကြတယ်၊ တောင်ပေါ်မှာဖမ်းထား တဲ့သူတွေ ကိုတော့ ပြန်လွှတ်သွားတယ်” ဟု ဒေသခံအမျိုးသားတဦးက

ဧရာဝတီတိုင်မ်းကိုပြောသည်။

စက်တင်ဘာ ၃ ရက်နေ့က ပေါင်မြို့မရဲစခန်းနှင့်ထွေအုပ်ရုံးများတိုက်ခိုက်မှုခံရပြီးနောက် ဒေသကာ ကွယ်ရေးတပ်များက အဆိုပါတောင်ကြောတလျှောက်မှ ပစ်ခတ်သည်ဟုယူဆကာ ယခုကဲ့သို့ အင်အားသုံးတောနင်းကာ သေနတ်ပစ်ဖောက် ခြောက်လှန့်ခြင်းများပြုလုပ်ခြင်းဖြစ်ကြောင်းသိရသည်။

ပေါင်မြို့နယ်တွင် သြဂုတ်လနှင့်စက်တင်ဘာလအတွင်း စစ်ကောင်စီလက်အောက်ခံရုံးများ ဗုံးခွဲခံရခြင်း၊ တိုက်ခိုက်ခံရခြင်း၊ ဒလန်ရှင်းလင်းခံရခြင်း ကိစ္စရပ်များ မကြာခဏဖြစ်ပွားနေကြောင်း ဒေသခံများထံကသိရသည်။

#ပေါင် #ကုလားမတောင် #PDF #စစ်ကောင်စီ #တောနင်းရှာဖွေ

#Ayeyarwaddy_Times