မြောက်ကိုရီးယားက ကိုယ့်ကိုကိုယ် နျူးကလီးယားလက်နက်ပိုင်နိုင်ငံအဖြစ် ကြေညာ

ဧရာဝတီတိုင်းမ်

စက်တင်ဘာလ ၉ ရက်

နျူကလီးယားတိုက်ခိုက်မှု လုပ်ဆောင်ခွင့်ပြုပြီး နျူကလီးယားလက်နက်ပိုင်နိုင်ငံအဖြစ် ကြေညာတဲ့ ဥပ ဒေတစ်ရပ်ကို မြောက်ကိုရီးယားက အတည်ပြုလိုက်တယ်လို့ နိုင်ငံပိုင်မီဒီယာတွေက ဖော်ပြပါတယ်။

နျူဆွေးနွေးမှုတွေ ရပ်တန့်ထားရပြီး ဒဏ်ခတ်အရေးယူမှုတွေကြောင့် အမေရိကန်နိုင်ငံနဲ့ ထိပ်သီးဆွေး နွေးမှုတွေ မလုပ်ဆောင်နိုင်မှုဖြစ်ပြီးနောက် မြောက်ကိုရီးယားက ၂၀၁၇ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် နျူကလီးယားစမ်းသပ်မှု ပြန်လည်စတင်နိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေရှိနေစဉ် ဒီလိုကြေညာလိုက်တာပါ။

မြောက်ကိုရီးယားနိုင်ငံက ဒီနှစ်အတွင်း မကြံစဖူး လက်နက်စမ်းသပ်မှုတွေ ပြုလုပ်ခဲ့ပြီး ငါးနှစ်အတွင်း ပ ထမဆုံးအကြိမ်အဖြစ် တိုက်ချင်းပစ်ဒုံးကျည် ပစ်လွှတ်မှုအပါအဝင် ဒုံးကျည် ၃၀ ကျော် ပစ်လွှတ်ခဲ့ပါတယ်။

မနေ့က အတည်ပြုလိုက်တဲ့ ဥပဒေအရ မြောက်ကိုရီးယားကို ခြိမ်းခြောက်တဲ့ ရန်သူ့တပ်ဖွဲ့တွေကို နျူက လီးယားလက်နက်နဲ့ ချက်ချင်း တိုက်ခိုက်ခွင့်ပြုတယ်လို့ နိုင်ငံပိုင်သတင်းဌာန KCNA က ဆိုပါတယ်။

ဥပဒေအရ မြောက်ကိုရီးယားက နျူကလီးယားလက်နက်ပိုင်ဆိုင်တဲ့ နိုင်ငံတစ်ခုအဆင့် ရောက်ရှိလာပါပြီ လို့ ခေါင်းဆောင် ကင်ဂျုံအန်ကို ကိုးကားပြီး အဆိုပါသတင်းဌာနက ဖော်ပြပါတယ်။

အဆိုပါဥပဒေက အခြားနိုင်ငံများသို့ နျူကလီးယားလက်နက် သို့မဟုတ် နည်းပညာမျှဝေမှုကိုလည်း ပိတ် ပင်ထားတယ်လို့ သိရပါတယ်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်နဲ့ မည်သည့်အချိန်၊ မည်သည့်နေရာတွင်မဆို တွေ့ဆုံဆွေး နွေးဖို့ အမေရိကန်နိုင်ငံက ကမ်းလှမ်းခဲ့ပါတယ်။

ပြုံယမ်းက နျူကလီးယားလက်နက်ကို စွန့်လွှတ်မယ်ဆိုရင် ပမာဏများပြားတဲ့ စီးပွားရေးအကူအညီ ပေးမယ်လို့ မေလအတွင်း ရွေးကောက်ခံခဲ့ရတဲ့ တောင်ကိုရီးယားသမ္မတ ယွန်းဆတ်ယိုက ပြောကြားခဲ့ပါတယ်။

ကိုးကား – Aljazeera

Ref; North Korea makes nuclear policy ‘irreversible’ with new law